နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဆင်မလိုက်ဈေးနှင့် ဈေးဘေးမှ လမ်းများကို ပိုးသတ်ဆေးဖျန်း

COVID-19 ရောဂါ ကာကွယ်ရန်အတွက် ကမာရွတ်မြို့နယ်အတွင်းရှိ ဆင်မလိုက်ဈေးနှင့် ဈေးဘေးမှ လမ်းများကို မတ် ၂၈ ရက်၊ မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် ရေဆေးသန့်စင်ပြီး ပိုးသတ်ဆေးဖျန်းခဲ့သည်။ ယခုကဲ့သို့ ပိုးသတ်ဆေးဖျန်းခြင်းကို ကမာရွတ်မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ဦးဆောင်၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ရာ မတ် ၂၇ ရက်ကလည်း လှည်းတန်းဈေးအနောက်ဘက် ပေ ၅၀ လမ်းတွင် ဖျန်းခဲ့ပြီး ဖြစ်သည်။ ကမာရွတ်မြို့နယ်အတွင်းမှ ပိုးသတ်ဆေးဖျန်းရန် ကျန်ရှိသည့်ဈေးများကိုလည်း နောက်ရက်များတွင် လိုက်လံဖျန်းပေးသွားရန်ရှိသည်ဟု မြို့နယ်စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်သန်းသန်းဌေးက ပြော သည်။ ကျော်စိုးသူ (City News)






အခြားဆက်စပ်သတင်းများ