နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စျေးကွက်မပိတ်ခင် ယူနိုက်တက်တို့ ဥရုဂွေးသားလေး ပယ်လီစတရီကို ချိတ်ဆက်ခေါ်ယူ

အောက်တိုဘာ  ၅


ယူနိုက်တက်အသင်းဟာ စျေးကွက်အတွင်းမှာ ညာတောင်ပံကစားသမားတစ်ဦးကို ရှာဖွေနေပြီး ဒေါ့မွန်က ဆန်ချိုနဲ့ကလည်း မပြတ်သေးပါဘူး။ ဒီအချိန်မှာ ဥရောပအသင်းကြီးတွေဖြစ်တဲ့ ရီးရဲလ်၊ အက်−တီကို၊ မန်စီးတီးနဲ့ လိုင်ယွန်တို့ စိတ်ဝင်စားမှုကို ခံနေရတဲ့ ပီရိုနာအသင်းရဲ့ ၁၈ နှစ်သား တောင်ပံကစားသမား ဖာကန်ဒိုပယ်လီစတရီကို ခေါ်ယူဖို့  မန်ယူတို့သဘောတူညီမှုရခဲ့ပြီလို့ Manchesterevening News က ဖော်ပြလာခဲ့ပါတယ်။ မန်ယူက ပယ်လီစတရီအတွက် ပေါင် ၁၀ သန်းပေးချေသွားရမှာပါ။ ပယ်လီစတရီဟာ ပီနာရိုအသင်းမှာ ပွဲ ၂၀ ပါဝင်ကစားခဲ့ပါတယ်။ ကိုပါလစ်ဘရေတာပြိုင်ပွဲမှာလည်း ၅ ပွဲပါဝင်ကစားပြီး ၁ ဂိုးသွင်းကာ တစ်ဂိုး ဖန်တီးနိုင်ခဲ့ပါတယ်။ ပီရိုနာတို့ကတော့ ပယ်လီစတရီကို လာမယ့် ဇန်နဝါရီလအထိ အသင်းမှာ ထိန်းထားချင်ပေမယ့် မန်ယူအသင်းက အရခေါ်ယူနိုင်ခဲ့ပါတယ်။ ပီရိုနာအသင်းနည်းပြ ဒီရေဂိုဖော်လန်က ကစားသမားရဲ့ဆန္ဒကို လိုက်လျောပြီး မန်ယူထံသွားခွင့်ပြုခဲ့ပါတယ်။ မန်ယူတို့ဟာ ဥရုဂွေးတိုက်စစ်မှူး၊ PSG တိုက်စစ်မှူး ကာဗာနီကိုလည်း ခေါ်ယူခဲ့ကာ အခုလည်း ဥရုဂွေးသားလေး ပယ်လီစတရီကိုပါ အရခေါ်ယူနိုင်ခဲ့ပြီး ပယ်လီစတရီကို အသင်းကြီးမှာ တန်းကစားခိုင်းမလား၊ ယူ ၂၃ မှာ ကစားခိုင်မလားဆိုတာ ဆိုးရှားပေါ်မှာသာ မူတည်တာပါ။ အခုကစားသမားသစ် ၂ ယောက်ခေါ်ယူပြီးရင်တော့ ဆန်ချိုကိုဝယ်ဖို့ မကြိုးစားတော့ဘူးလို့ သုံးသပ်ရပါတယ်။ နောက် ပေါ်တိုအသင်းက ဘယ်နောက်ခံလူ အဲလက်စ်တဲလ်လက်စ် အပြောင်းအရွှေ့လည်း ပျက်ပျယ်ခဲ့ရပြီလို့ ထင်ရပါတယ်။ လက်ရှိအချိန်မှာတော့ မန်ယူရဲ့ခြေစွမ်းပိုင်းဟာ တည်ငြိမ်မှုမရှိသေးပါဘူး။

(SO)






အခြားဆက်စပ်သတင်းများ