နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စပိန်မြေမှာ တောက်ပခွင့်ရတော့မယ့် ထိုင်းမက်ဆီလေး

အောက်တိုဘာ  ၅


အာရှတိုက်က ယိုးဒယားလက်ရွေးစင်အသင်းမှာ အထူးခြေစွမ်းပြကစားသမားလေး တိုက်စစ်မှူး ချာနာသစ်ဆုန်ခရာဆင် လက်ရှိ ထိုင်းကလပ်ကွန်ဆာဒိုးဆက်ပိုရိုကို ဂျေလိဂ်မှာကစားနေပြီး ယခုအခါ ဘောလုံးအင်အားကြီးနိုင်ငံဖြစ်တဲ့ စပိန်ကလပ်အယ်ချီ အသင်းကို ပြောင်းရွှေ့ကစားဖို့ ရေပန်းစားနေတယ်လို့ Bongda 24 က ဖော်ပြလာပါတယ်။ ယိုးဒယားမှာ ခြေစွမ်းပြနေတာကြောင့် ထိုင်းမက်ဆီလို့တောင် တင်စားခေါ်နေကြပါတယ်။ ထိုင်းသတင်းဌာန Siam sports ကလည်း သူ့ကို အယ်ချီကလပ်က စိတ်ဝင်စား နေကြောင်း ဖော်ပြကြပါတယ်။ အယ်ချီအသင်းဟာ ခရာဆင်ကစားနေတဲ့ ကွန်ဆာဒိုးဆက်ပိုရိုကို ဂျေလိဂ်ရာသီ ပြီးဆုံးချိန် ဒီဇင်ဘာလတုန်းကတည်းက သူ့အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး မေးမြန်းမှုတွေစတင်လုပ်ခဲ့ကြတာပါ။ ခရာဆင်ဟာ ထိုင်းဘောလုံးလောကမှာ ပါရမီအကောင်းဆုံးဘောလုံးသမားတစ်ဦးဖြစ်ပြီး ရုပ်ပိုင်းဆိုင်ရာမှာ အားနည်းပေမယ့် နည်းစနစ်ပိုင်းကြွယ်ဝမှုနဲ့ အထင်ကြီးဖွယ်အရည်အချင်းတွေကို ပိုင်ဆိုင်ထားပါတယ်။ ခရာဆင် ဟာ အပြောင်းအရွှေ့စျေးကွက်မှာ အရှေ့တောင်အာရှကစားသမားများထဲ တန်ဖိုးအမြင့်ဆုံးကစားသမား ဖြစ်ပြီး စျေးကွက်ပေါက်စျေးယူရို ၁ ဒသမ ၉ သန်းအထိရှိနေတာဖြစ်ပါတယ်။ ခရာဆင်ရဲ့ အရင်လာလီဂါမှာ တီရာဆေးဒန်ဒါတို့လို ထိုင်းဘောလုံးကစားသမားတွေ ကစားခဲ့ကြပါသေးတယ်။ ဝါရင့်တိုက်စစ်မှူးဟာ ၂၀၁၄− ၁၅ ရာသီမှာ  အယ်ဗီးရီးယားအသင်းအတွက် ၆ ပွဲပါဝင်ကစားခဲ့ဖူးပါတယ်။ ခရာဆင်ကို စိတ်ဝင်စားနေတဲ့ အယ်ချီအသင်းက လာလီဂါကို ပြန်လည်တန်းတက်လာတဲ့အသင်းဖြစ်ပြီး ပွဲစဉ် ၂ ပွဲကစားပြီးချိန်  ၁ ပွဲနိုင် ၁ ပွဲ ရှုံးနဲ့ ၃ မှတ်ရရှိထားတဲ့အသင်းဖြစ်ပါတယ်။            


(SO)






အခြားဆက်စပ်သတင်းများ