နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မန္တလေးခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ် စက်မှုဇုန်ရှိ စက်ရုံအလုပ်ရုံများ Covid-19 ကာကွယ်ရေးစီမံချက်နှင့်အညီ ပြန်လည်ဖွင့်လှစ်ခွင့်ရရေးကွင်းဆင်းစစ်ဆေး

ပြည်ကြီးတံခွန် ဧပြီ ၂၇ မန္တလေးခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ် စက်မှုဇုန်ရှိ စက်ရုံအလုပ်ရုံများ Covid-19 ကာကွယ်ရေးစီမံ ချက်နှင့်အညီ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ဧပြီ ၂၆ ရက်က ပြည်ကြီးတံခွန်မြို့နယ်၊ တိုင်းဒေသကြီး လွတ်တော်ကိုယ်စားလှယ် ဦးဇော်မောင်မောင်၊ မန္တလေးစက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် အလုပ်သမား ညွှန်ကြားမှုဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးစစ်ဆေးရေးဦးစီးဌာနတို့ပါဝင်သော အဖွဲ့များက ဦးစားပေးအဆင့် အဖြစ် စားသောက်ကုန်ထုတ်လုပ်သော စက်ရုံများ၊ ဆေးဝါးထုတ်လုပ်သောစက်ရုံများ၊ ကျန်းမာရေးလိုအပ် ချက်များနှင့်ကိုက်ညီပြီး ဖွင့်လှစ်ရန်အသင့်ဖြစ်နေသော စက်ရုံအလုပ်ရုံများအား ပဏာမစစ်ဆေးကြစဉ်။ မောင်ပြည်သူ(မန္တလေး)






အခြားဆက်စပ်သတင်းများ