နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကင်ညာအပြေးမယ် ကို့စ်ဂီ ၂၀၂၀ လန်ဒန်မာရသွန်ပြိုင်ပွဲတွင် ချန်ပီယံဆု ဆွတ်ခူး

အောက်တိုဘာ ၅


အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့၌ ကျင်းပခဲ့သည့် ၂၀၂၀ လန်ဒန်မာရသွန်ပြိုင်ပွဲတွင် ကင်ညာအပြေးမယ် ကို့စ်ဂီက ချန်ပီယံဆု ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

ကို့စ်ဂီသည် ယင်းပြိုင်ပွဲတွင် လက်ရှိချန်ပီယံအဖြစ် ပါဝင်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပြီး ၂ နာရီ၊ ၈ မိနစ်၊ ၅၈ စက္ကန့်ဖြင့် လက်ရှိချန်ပီယံဘွဲ့ကို ကာကွယ်နိုင်ခဲ့ခြင်းဖြစ်သည်။

ကို့စ်ဂီအနေဖြင့် ၂၀၁၉ ခုနှစ် လန်ဒန်မာရသွန်ပြိုင်ပွဲတွင် အသက် ၂၅ နှစ်ဖြင့် ချန်ပီယံဆုဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်ပြီး ပြိုင်ပွဲသမိုင်းတွင် အသက်အငယ်ဆုံးချန်ပီယံအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သူဖြစ်သည်။

ထို့ပြင် ကို့စ်ဂီသည် ၂၀၁၉ ခုနှစ် ချီကာဂိုမာရသွန်ပြိုင်ပွဲတွင်လည်း ချန်ပီယံဆုဆွတ်ခူးခဲ့ပြီး အဆိုပါပြိုင်ပွဲတွင် ၂ နာရီ၊ ၁၄ မိနစ်၊ ၄ စက္ကန့်ဖြင့် ပန်းဝင်ခဲ့သည့်အတွက် ကမ္ဘာ့စံချိန်သစ်တစ်ရပ်ရရှိခဲ့သူဖြစ်သည်။

လန်ဒန်မာရသွန်အပြေးပြိုင်ပွဲသည် ပုံမှန်အားဖြင့် ဧပြီလတွင် ကျင်းပလေ့ရှိသော်လည်း ယခုနှစ်တွင် COVID-19 ရောဂါကြောင့် ဧပြီလတွင် ကျင်းပနိုင်ခဲ့ခြင်းမရှိဘဲ အချိန်ရွှေ့ဆိုင်းခဲ့ရပြီး ပြိုင်ပွဲဝင်များအနေဖြင့်လည်း ယင်းရောဂါကြောင့် လေ့ကျင့်မှုနှင့် ပြင်ဆင်ချိန်နည်းပါးခဲ့သည့်အတွက် အခက်အခဲများရှိခဲ့ကြသည်။                                             

 (သူရိန်)






အခြားဆက်စပ်သတင်းများ