နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နယူးကယ်လီဒိုးနီးယား ပြည်သူ့ဆန္ဒခံယူပွဲတွင် ပြင်သစ်လက်အောက်ခံအဖြစ် ဆက်နေရန် မဲပေးဆုံးဖြတ်

အောက်တိုဘာ ၅၊ ပါရီ


ပြင်သစ်နိုင်ငံ၏ ရေမြေခြားပိုင်နက်ဖြစ်သည့် နယူးကယ်လီဒိုးနီးယားကျွန်းတွင် နေထိုင်သူများက ပြည်သူ့ဆန္ဒခံယူပွဲတွင် ပြင်သစ်နိုင်ငံမှ ခွဲထွက်ပြီး ကိုယ်ပိုင်လွတ်လပ်သည့်နိုင်ငံအဖြစ် ရပ်တည်ရေးကို ပယ်ချခဲ့ကြသည်။ ပြည်သူ့ဆန္ဒခံယူပွဲတွင် မဲပေးခွင့်ရှိသူ၏ ၈၅ ဒသမ ၆ ရာခိုင်နှုန်းအထိ လာရောက်မဲပေးခဲ့ ကြပြီး  ပြင်သစ်နိုင်ငံလက်အောက် ဆက်နေရန် လိုလားသူ ၅၃ ဒသမ ၂၆ ရာခိုင်နှုန်း ရှိခဲ့သည်ဟု နောက်ဆုံးမဲ ရလဒ်များတွင် ဖော်ပြထားသည်။


လွန်ခဲ့သည့်နှစ်နှစ်ကလည်း နယူးကယ်လီဒိုးနီးယားကျွန်းတွင် အလားတူ ပြည်သူ့ဆန္ဒခံယူပွဲ ကျင်းပခဲ့ဖူးပြီး ပြင်သစ်နိုင်ငံလက်အောက်တွင် ဆက်နေရန် လိုလားသူ ၅၆ ဒသမ ၇ ရာခိုင်နှုန်း ရှိခဲ့သည်။ နယူးကယ်လီဒိုးနီးယားကျွန်းမှာ လွန်ခဲ့သည့် နှစ်ပေါင်း ၁၇၀ နီးပါးကတည်းက ပြင်သစ်နိုင်ငံ၏ ရေမြေခြားပိုင်နက်ဖြစ်ခဲ့သည်။


ပြည်သူ့ဆန္ဒခံယူပွဲရလဒ်မှာ ပြင်သစ်သမ္မတနိုင်ငံတော်အပေါ်တွင် ယုံကြည်မှုရှိကြောင်း ပြသနေသည်ဟု ပြင်သစ်သမ္မတ မက်ခရွန်က ပြောခဲ့ပြီး ဒေသခံများတွင် မာနထောင်လွှားမှုမရှိကြောင်း ခံစားမိသည်ဟု ဆိုသည်။ ၁၉၈၀ ပြည့်နှစ်များအတွင်း နယူးကယ်လီဒိုးနီးယားကျွန်းမှ တိုင်းရင်းသားများဖြစ်သည့် ကာနက်မျိုးနွယ်များနှင့် ဥရောပမှ လာရောက်အခြေချနေထိုင်ခဲ့သူများ၏ မျိုးဆက်များကြား ကိုယ်ပိုင် လွတ်လပ်ရေး ရယူမည့်ကိစ္စနှင့်ပတ်သက်၍ ဆူပူအုံကြွမှုများဖြစ်ပွားခဲ့ပြီးနောက် ပြည်သူ့ဆန္ဒခံယူပွဲများ ကျင်းပပေးရန် သဘောတူညီခဲ့ခြင်းဖြစ်သည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ