အောက်တိုဘာ ၄
အသက် ၂၇ နှစ်အရွယ် ဘယ်ဂျီယံတိုက်စစ်မှူး အင်တာမီလန်တို့ရဲ့ တိုက်စစ်မှူး ရိုမဲလူလူကာကူဟာ ဘရူနိုဖာနန်ဒက်စ်၊ အဲဗာတန်က နီဂါတို့ကိုကျော်ဖြတ်ပြီး ရမှတ်ပေါင်း ၂၇၀ မှတ်နဲ့ ၂၀၁၉-၂၀ ရာသီရဲ့ ယူရိုပါလိဂ် အကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။ ဒီဆုကို အောက်တိုဘာ ၂ ရက်က ဆွစ်ဇာလန်မှာ ယူရိုပါလိဂ်အုပ်စုအဆင့်မဲနှိုက်ပွဲနဲ့အတူ ထည့်သွင်းကြေညာပေးခဲ့တာဖြစ်ပါတယ်။ လူကာကူဟာ အင်တာတို့ ရှုံးထွက်အဆင့်ဝင်ကတည်းက ဖိုင်နယ်အထိ ၇ ဂိုးသွင်းခဲ့ပြီး ပွဲတိုင်း ဂိုးသွင်းခဲ့သူပါ။ ဂိုးဖန်တီးမှု ၂ ကြိမ်ရရှိခဲ့ပါတယ်။ ၂၀၁၉-၂၀ ရာသီမှာ အင်တာတို့အတွက် ပြိုင်ပွဲစုံ ၃၄ ဂိုး သွင်းပေးခဲ့ပြီး ချန်ပီယံလိဂ်ပွဲမှာလည်း ၂ ဂိုးသွင်းခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီက ဒီဆုကို ဘယ်ဂျီယမ်အသင်းဖော် အီဒင်ဟော့ဇတ်က ရရှိခဲ့ပါတယ်။
လူကာကူက “ကျွန်တော့်ကိုပံ့ပိုးပေးတဲ့ အမေ၊ ညီနဲ့ အေးဂျင့်တွေ၊ ရို့စ်နေရှင်းတို့ကို ကျေးဇူးတင်ပါတယ်။ သူတို့ဟာ ကျွန်တော့်အတွက် ညီအစ်ကိုတွေလိုပါပဲ။ နေ့စဉ်နေ့တိုင်း အပြုံးဆင်ပြီး လေ့ကျင့်ရေးကို ကျွန်တော် လာပါတယ်”လို့ ဆုတောင်း၊ ကျေးဇူးစကားဆိုခဲ့ပါတယ်။
(SO)