နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မန်စီးတီးအတွက် မီးခဲပြာဖုံးလူငယ်ကစားသမားများထဲက ကြယ်ပွင့်နှစ်ဦး

အောက်တိုဘာ ၄


မန်စီးတီးဟာ ငွေကြေးချမ်းသာတဲ့အသင်းဖြစ်တာနဲ့အညီ ဒီနွေရာသီကာလမှာ ပေါင် ၁၂၃ သန်း အသုံးပြုပြီး ကစားသမားသစ်တွေခေါ်ယူအားဖြည့်ခဲ့ပါတယ်။ ယခုတစ်ပတ်အတွင်းမှာပဲ ပေါင် ၆၄ သန်း အသုံးပြုပြီး ရူဘင်ဒီရက်ဇ်ကို ခေါ်ယူခဲ့ပါတယ်။ တကယ်တော့ မန်စီးတီးဟာ ကစားသမား အသစ်တွေ ခေါ်ယူ အားဖြည့်နေပေမယ့် မိမိအသင်းမှာ မီးခဲပြာဖုံးလူငယ်ကစားသမားတွေရှိနေတာကို သတိပြုသင့်နေပါပြီ။ လက်ရှိမှာ လီယမ်ဒီလပ်နဲ့ ကိုးလ်ပယ်မာတို့လို လူငယ်ကစားသမားတွေ ပေါ်ထွက်လာပြီ။ ၁၇ နှစ် အရွယ် ဒီလပ်ဟာ လိဂ်ဖလားပွဲစဉ်မှာ ၁ ဂိုးသွင်းယူပေးခဲ့ပါတယ်။ လက်စတာနဲ့ပွဲမှာလည်း ပါဝင်ကစားခဲ့ပါတယ်။ ယခင်က အသင်းကြီးမှာပါဝင်ကစားဖို့မပြောနဲ့ လူစာရင်းမှာတောင်ပါဝင်ဖို့ မလွယ်ကူခဲ့ပါဘူး။ ဒါကြောင့် ဂျေဒန်ဆန်ချိုနဲ့ ဂျမီဘိုင်နှိုးဂစ်တန်တို့ အသင်းကိုစွန့်ခွာသွားတာပဲဖြစ်ပါတယ်။ ခုတော့ ဒီအစဉ်အလာတွေ ပြောင်းလဲလာပါပြီ။ လူငယ်တွေ အသင်းကြီးမှာ အလျဉ်းသင့်သလို နေရာရနေကြပါပြီ။ မန်စီးတီးဟာ တကယ် ထူးချွန်တဲ့ လူငယ်ကစားသမားတွေ ပေါ်ထွက်လာဖို့ စီမံကိန်းနဲ့ ဆောင်ရွက်နေပါပြီ။ ၂၀၁၉ နွေရာသီက ဒီလပ်ဟာ အင်္ဂလန်ရဲ့ တန်ဖိုးအရှိဆုံး ဆယ်ကျော်သက်ကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ မန်စီးတီး ယူ -၁၆ မှာ ဂိုးသွင်းစက်အဖြစ် ဒီလပ် သတ်မှတ်ခံရပြီး စတီးဝပ်သွန်ဆန်း၊ ဆမ်ဖတ်ဘီမီ၊ ဂျိုးရှီးတို့ဟာ ထူးချွန်တဲ့သူတွေဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီက ဒီကစားသမားတွေကို အာဆင်နယ်က ခေါ်ယူဖို့ ကြိုးစားပေမယ့် မန်စီးတီးက အသင်းမှာဆက်လက်ထိန်းသိမ်းထားပါတယ်။ ဒီလပ်နဲ့ ကိုးလ်ဟာ မန်စီးတီးအသင်းမှာ ပါဝင်ခွင့် ရရှိခဲ့တာကြောင့် လူငယ်တွေအတွက်  အခွင့်အလန်းတွေပွင့်ခဲ့ပါပြီ။

(SO)






အခြားဆက်စပ်သတင်းများ