မန္တလေး ဧပြီ ၂၆ တရုတ်နိုင်ငံတွင် အလုပ်လုပ်ကာပြန်လာသည့် မြန်မာနိုင်ငံသားများကို ဗန်းမော်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတွင်းမြို့များသို့ ပို့ဆောင်ကာ မန္တလေးမြို့သို့ရောက်ရှိလာသော---သင်္ဘောနှင့် သင်္ဘောသား၁၄ဦးတို့အား မန္တလေးမဟာအောင်မြေမြို့နယ် ကိုရိုနာဗိုင်းရပ် ကာကွယ်တားဆီး ထိန်းချုပ်ရေး ကော်မတီ၏ ကြီးကြပ်မှုဖြင့် ဧရာဝတီမြစ်ရေလယ်တွင် ကျောက်ချရပ်နားပြီး Quarantine ထားရှိကာ မြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနနှင့် မဟာအောင်မြေ မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌနှင့်တပ်ဖွဲ့၀င်များက ဧပြီ ၂၁ ရက်မှစတင်ကာ နေ့စဉ် နံနက် ၉ နာရီ တစ်ကြိမ်၊ ညနေ ၄ နာရီတစ်ကြိမ် ကျန်းမာရေးစစ်ဆေးခြင်း၊ မိသားစုဝင်များမှပေးပို့သော ပစ္စည်းများ၊ စေတနာအလှူရှင်များမှ ပေးပို့သောစားသောက်ဖွယ်ရာများအား ပို့ဆောင်ပေးကာ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း တွေ့ရစဉ်။ မောင်ပြည်သူ(မန္တလေး)