အောက်တိုဘာ ၄
ပြီးခဲ့တဲ့ ယူရိုပါလိဂ်နောက်ဆုံးအဆင့်ခြေစစ်ပွဲမှာ မက္ကာဘီယိုင်ဖာအသင်းကို စပါးတို့ ၇-၂ ရလဒ်နဲ့ နိုင်ခဲ့ပါတယ်။ ဒီပွဲမှာ စပါးအသင်းခေါင်းဆောင် တိုက်စစ်မှူး ဟာရီကိန်းက ဟက်ထရစ်သွင်းဂိုးတွေနဲ့ စပါးတို့ ခြေစစ်ပွဲအောင်ခဲ့ပါတယ်။ ကိန်းဟာ အခုဆိုရင် ဘောလုံးသမိုင်းတစ်လျှောက် ဟက်ထရစ်အကြိမ်ရေအများဆုံးကစားသမားစာရင်းမှာ သတ္တမမြောက်နေရာကို ရောက်ရှိလာခဲ့ပါတယ်။ ကိန်းဟာ သူ့ရဲ့ကစားသမားဘဝအတွင်း ဟက်ထရစ်အကြိမ် ၁၂ ကြိမ် သွင်းယူထားနိုင်ခဲ့တာကြောင့် ဂါလာတာစာရေးရဲ့တိုက်စစ်မျူး ရာဒါမယ်ဖယ် နဲ့အတူ ဟက်ထရစ်အကြိမ်ရေအများဆုံးကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရတာပါ။ ဘောလုံးသမိုင်းတစ်လျှောက် ဟက်ထရစ်အကြိမ်ရေအများဆုံးက ၅၄ ကြိမ်နဲ့ ရော်နယ်ဒိုက ထိပ်ဆုံးက ရပ်တည်နေပါတယ်။ မက်ဆီကတော့ ၅၃ ကြိမ်နဲ့ ဒုတိယပါ။ အက်-တီကိုမှ လူးဝစ်ဆွာရတ်ဇ်က ၂၉ ကြိမ်နဲ့ တတိယနေရာမှာပါ။ ဘိုင်ယန်အသင်းရဲ့ တိုက်စစ်မှူး လူဝန်ဒေါစကီးက ၂၂ ကြိမ်နဲ့ စတုတ္ထ၊ အဂူရိုက ၁၇ ကြိမ်နဲ့ ပဉ္စမ၊ ကာဗာနီက ၁၅ ကြိမ်နဲ့ ဆဌမ အသီးသီး ရပ်တည်နေခဲ့ပါတယ်။ ဒီလိုရပ်တည်နေခဲ့တဲ့ စာရင်းထဲက ကစားသမားတွေဟာ အသက် ၃၀ ကျော်တွေပဲဖြစ်ပါတယ်။ သတ္တမမြောက်က ဟာရီကိန်းကတော့ အသက် ၂၇ နှစ်သာရှိသေးတာကြောင့် သူ့အတွက် ဂုဏ်ယူစရာပဲဖြစ်ပါတယ်။
(SO)