အောက်တိုဘာ ၄
iOS update ပြုလုပ်ပြီးသည့်အခါတိုင်း iPhone ကို Setting Reset ချပြီးသည့်အခါတိုင်းတွင် မိမိ iPhone သည် Battery အကုန်မြန်နေခြင်းများ ဖြစ်တတ်သည်။ ထိုသို့ဖြစ်နေခြင်းမှာ Setting များသည် Default Setting ဖြစ်နေခြင်းကြောင့် အသုံးမလိုသည့် Apps များ၊ Features များက နောက်ကွယ်မှအလုပ်လုပ်နေ ခြင်းကြောင့်ဖြစ်သည်။
အဆိုပါလုပ်ဆောင်နေသည့်အရာများကို ပိတ်ပင်ခြင်း၊ ဘက်ထရီအားကုန်ခြင်းကို သက်သာစေရန် လုပ်ဆောင်နိုင်မည့် နည်းလမ်းများကို အသုံးပြုသူများ သိရှိစေရန်အတွက် အောက်တွင်ဖော်ပြပေးလိုက်သည်-
Location Service ပွင့်နေပါက Battery အားကို ပိုကုန်စေခြင်း
Brightness ကို လျှော့ချခြင်း
App Auto Updates ကို ပိတ်ခြင်း
Fetch New Data မှ Setting များအား Manually ထားခြင်း
Background App Refresh အား ပိတ်ခြင်း
WiFi တို့ Bluetooth တို့ကို ပိတ်ခြင်း
Low Power Mode ကို အသုံးပြုခြင်း စသည့်အချက်များကိုလုပ်ဆောင်ပေးခြင်းဖြင့် မိမိဖုန်း ဘက်ထရီအားကုန်ခြင်းကို သက်သာစေနိုင်မည်ဖြစ်သည်။
(WP)