ရန်ကုန် ဧပြီ ၂၆ ရန်ကုန်မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်တွင် COVID-19 ရောဂါကာကွယ်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်နေပြီး အင်းစိန်အထွေထွေရောဂါကုဆေးရုံကြီးမှ သမားတော်ကြီးများ ဦးဆောင်၍ (ယာယီ)ကျန်းမာရေးစစ်ဆေးမှုဌာန ဖွင့်လှစ်လျက်ရှိသည်။ အင်းစိန်မြို့နယ်၊အထွေထွေရောဂါကုဆေးရုံကြီးမှ သမားတော်ကြီးများနှင့် လွှတ်တော်ကိုယ် စားလှယ်များ ဦးဆောင်သောအဖွဲ့သည် COVID-19 ရောဂါ ကာကွယ်ရေးအတွက် (ယာယီ)ကျန်းမာရေး စစ်ဆေးမှုဌာနကို ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် ပထမဦးဆုံး ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ဧပြီ ၂ ရက်နေ့မှ စတင်၍ အများပြည်သူအတွက် အခမဲ့ကျန်းမာရေး စောင့်ရှောက်ပေးနေသည့် နေရာလည်းဖြစ်သည်။အဆိုပါ ဆေးခန်းကို အင်းစိန်မင်းကြီးလမ်းမပေါ်ရှိ ဘိုကုန်းဈေးအနီး၊ အင်းစိန်မြို့နယ်ခန်းမတွင် တနင်္လာနေ့မှ စနေနေ့အထိ နံနက်(၉) နာရီအချိန်မှ နံနက်(၁၁)နာရီ အချိန်အထိ ဖွင့်လှစ်ထားသည်။ အင်းစိန်မြို့နယ်တွင် COVID-19 ရောဂါပိုးတွေ့ရှိသူ ဧပြီ ၂၄ ရက်နေ့အထိ ၂၃ ဦးမြောက်ရှိပြီး ရောဂါပိုးတွေ့ရှိသူတို့၏ နေအိမ်နှင့်လမ်းတို့ကို အသွားအလာကန့်သတ်ခြင်းများ ဆောင်ရွက် ထားရှိရာ ရောဂါပိုးတွေ့ရှိသူများနှင့် ထိတွေ့ခဲ့သူများဟု ယူဆရသူများကို Quarantine Center များသို့ အသီးသီးပို့ဆောင်ကာ အသွားအလာကန့်သတ်ခြင်းများ ဆောင်ရွက်ထားရှိသည်။ ဇွဲထက်ကို(ပြန်/ဆက်)