နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရေနံချောင်းမြို့နယ်၌ ဒန့်သလွန်သီးလှိုင်လှိုင် စျေးနှုန်းကျဆင်းကာ စျေးကောင်းမရ

ရေနံချောင်း အောက်တိုဘာ ၃

မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်တွင် ဒန့်သလွန်သီးအဝင်များသောကြောင့် စျေးကျနေကြောင်း ဒန့်သလွန်သီးစိုက်သူနှင့်ရောင်းဝယ်သူများထံကသိရသည်။ လက်ရှိဒန့်သလွန်သီးလှိုင်လှိုင်ပေါ်တဲ့ အပြင် အဝင်များတယ်။ ဒါကြောင့်ဝယ်ယူသူကလည်း လက်လီစျေးကျလို့စျေးချဝယ်ရတာလို့ပြောတယ်။ လက်ရှိ ဒန့်သလွန်သီးတစ်ရာလျှင် ကျပ် ၃၀၀၀၊ အသီးအရှည်တစ်ရာလျှင် ကျပ် ၄၅၀၀ သာ ဝယ်ယူကြောင်းရောင်းဝယ် သည့်အမျိူးသားတစ်ဦးက ပြောသည်။

''ယခင်တစ်ပတ်တွင် ဒန့်သလွန်သီးတစ်ရာလျှင် ကျပ် ၄၀၀၀ ကျပ်ကနေ အသီးအရှည်အကြီးတစ်ရာလျှင် ကျပ် ၆၀၀၀ အထိ ‌ရောင်းရတယ်။ ဝယ်သူကလည်း အပင်ပေါ်သူကိုယ်တိုင်ခူးတာကြောင့် အဆင်ပြေတယ်။ တစ်ပင်ကိုအတောင့်နှစ်ရာကနေ သုံးရာဝန်းကျင်ထွက်တယ်။ မိသားစုဟင်းစားအဖြစ် အပြင်က ဝယ်မစားရ သည့်အပြင် ပြန်ရောင်းရတဲ့အတွက် မိသားစုဝင်ငွေရတယ်''ဟု ဒန့်သလွန်ပင်တစ်ပိုင်တစ်နိုင်စိုက်သူ တစ်ဦးက ပြောသည်။

နေအိမ်ဝင်းတွင် ဒန့်သလွန်ပင်ကို တစ်ပိုင်တစ်နိုင်အဖြစ် စိုက်ကြကာ ဒန့်သလွန်ပင်ကနေ မီးဖိုဆောင်သုံးသီးနှံအဖြစ်စားသုံးနိုင်သည့်အပြင် ဝင်ငွေရရှိကြောင်း သိရသည်။

ဆန်းညွန့် (ရေနံချောင်း)






အခြားဆက်စပ်သတင်းများ