အောက်တိုဘာ ၃
လာလီဂါပွဲစဉ်မှာ ဘာစီအသင်းဟာ ဆဲလ်တာဗီဂိုအသင်းကို ၃−၀ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။ ပထမပိုင်းမှာ နောက်ခံလူ လန်ဂလက်ထုတ်ပယ်ခံရတာကြောင့် ဘာစီတို့ ၁၀ ဦးတည်းနဲ့ ဆက်ကစားခဲ့ရတာပါ။ ပွဲအစ ၁၂ မိနစ်မှာပဲ ၁၇ နှစ်သားလေး အန်ဆုဖာတီကအသင်းရဲ့ အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ဘာစီတို့ ကစားသမားတစ်ဦး ထုတ်ပယ်ခံရပေမယ့် ဆယ်တာဗီဂိုတို့က အခွင့်ကောင်းမယူနိုင်ခဲ့ဘဲ ဘာစီတို့ကသာ ဖိအားပေးကစားသွားခဲ့ပါတယ်။
ဘာစီမှာ မက်ဆီက တိုက်စစ်ကိုဦးဆောင်ပြီး အလယ်တန်းမှာတော့ ကော်တင်ဟိုက တိုက်စစ်နဲ့ ချိတ်ဆက်ကစားခဲ့ပါတယ်။ ကစားသမား ၁၀ ဦးတည်းနဲ့ ဆဲလ်တာဗီဂိုကို ၃ ဂိုးပြတ် အနိုင်ကစားနိုင်ခဲ့တာကြောင့် ဘာစီလိုနာက လာလီဂါကလပ်အသင်းတွေကို ဘာစီခြေစွမ်းတွေ ကောင်းနေသေးတယ်လို့ ရာဇသံပေးလိုက်သလိုဖြစ်နေပါတယ်။ ဘာစီရဲ့ ဒုတိယဂိုးကို မက်ဆီက သွင်းယူပေးခဲ့ပါတယ်။ ပွဲပြီးနာကျင်အချိန်ပိုအတွင်းမှာတော့ မက်ဆီရဲ့ကန်ချက်ကနေတစ်ဆင့် ပြန်ထွက်လာတဲ့ ဘောလုံးကို ဆာဂျီယိုဘတ်တိုက ပိတ်သွင်းခဲ့တာကြောင့် ပွဲပြီးမှာတော့ ၃ ဂိုးပြတ်နဲ့ နိုင်ခဲ့တာပါ။ လာလီဂါလိဂ် ပြိုင်ပွဲမစတင်မီချိန်က ဘာစီအသင်းမှာ ရှုပ်ထွေးတဲ့ ပြဿနာတွေပြည့်နှက်နေခဲ့ပါတယ်။ နည်းပြနဲ့ မက်ဆီ၊ မက်ဆီနဲ့ဘုတ်အဖွဲ့ဥက္ကဌ၊ နည်းပြနဲ့ ကစားသမားတွေ စတဲ့ မပြေလည်မှု၊ မကြေညက်မှုတွေနဲ့ အသင်းရဲ့ ကစားသမား အပြောင်းအရွှေ့တွေမှာပါ အစဉ်မပြေမှုတွေကြောင့် ဒီရာသီမှာ ဘာစီ တည်ငြိမ်မှုရှိပါ့မလား၊ စည်းလုံးမှုရှိပါ့မလားစတဲ့ လားပေါင်းများစွာနဲ့ ဘာစီရဲ့ပရိသတ်တွေရင်မောနေခဲ့ရတာပါ။ ဒါပေမယ့် ဘာစီဟာ လာလီဂါရဲ့ပွဲစဉ်(၄)ပွဲကို အနိုင်ကစားထားနိုင်တာရယ်၊ ၁၇ နှစ်သားရဲ့ခြေစွမ်းတွေရယ်၊ မက်ဆီရဲ့အသင်းပေါ်ထားတဲ့စိတ်ဓာတ်တွေကြောင့် အသင်းဟာ ခြေစွမ်းကောင်းတွေထုတ်ပြနိုင်ခဲ့ပါတယ်။
(SO)