အောက်တိုဘာ ၃
RAM များပြီး Storage လည်းကြီးမားကာ အချိန်ကြာမြင့်စွာအသုံးပြုနိုင်သည့် ဘက်ထရီအားခံနိုင်ရည်ရှိပြီး ကင်မရာလည်းကောင်းမွန်ကာ ဖုန်း၏ဒီဇိုင်းပိုင်းလည်း အသုံးပြုသူအကြိုက်တွေ့စေမည့်ပုံစံမျိုးဖြစ်စေမည့် စမတ်ဖုန်းကို Huawei က မိတ်ဆက်လိုက်သည်။ ဖော်ပြပါအချက်အလက်များပါဝင်သည့် စမတ်ဖုန်းအမျိုး အစားတစ်မျိုးဖြစ်သည့် Huawei Y6p သည် သုံးစွဲသူများကို ကျေနပ်မှုအမှန်တကယ်ပေးစွမ်းနိုင်မည်ဖြစ် သည်။
4GB RAM + 64GB ROM ပါဝင်ပြီး လှပသည့် ပုံရိပ်များဖန်တီးပေးမည့် ကင်မရာသုံးလုံးပါ 13MP Triple ထည့်သွင်းထားပြီး 5,000 mAh ဘက်ထရီနှင့် အခြားဖုန်းများကို ပြန်လည်အားသွင်းပေးနိုင်သည့် Reverse Charging နည်းပညာစနစ်ပါ ပါဝင်သေးသည်။ အဆိုပါစမတ်ဖုန်းသည် ၆ ဒသမ ၃ လက်မရှိပြီး လှပဆန်းသစ်သည့် Dewdrop မျက်နှာပြင်ဖြင့် ထုတ်လုပ်ထားခြင်းဖြစ်သည်။ အဆိုပါအမျိုးအစားစုံလင် စွာပါဝင်သည့် Features များဖြင့် HUAWEI Y6p စမတ်ဖုန်းကို စျေးနှုန်းအနေဖြင့် ၁၇၉,၀၀၀ ကျပ်ဖြင့် ၀ယ်ယူရရှိနိုင်မည် ဖြစ်သောကြောင့် သုံးစွဲသူသဘောကျစေမည့် စမတ်ဖုန်းတစ်လုံးဖြစ်သည့်အပြင် Petal Search ဖြင့်ဆိုပါက HUAWEI Y6p အပါအဝင် အခြားသော HMS စနစ်သုံး စမတ်ဖုန်းနှင့် တက်ဘလက်များ တွင် မိမိကြိုက်နှစ်သက်သည့် သန်းပေါင်းများစွာသော App များကို အလွယ်တကူရှာဖွေနိုင်ပြီး Download ရယူအသုံးပြုနိုင်သေးသည်။ Petal Search ကို ဖော်ပြပါလင့်ခ် (https://appgallery1.huawei.com/#/app/C100995735 ) (သို့မဟုတ်) HUAWEI AppGallery မှတစ်ဆင့် Download ရယူနိုင်သည်။ Y6p အကြောင်း အသေးစိတ်သိလိုသူများအနေဖြင့် - https://consumer.huawei.com/ mm/phones/y6p/ တွင် ဝင်ရောက် ကြည့်ရှုနိုင်ပြီဖြစ်သည်။
(WP)