နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စာပို့သမားတစ်ဦးက အဘွားအိုကို အသက်ကယ်ပေးခဲ့

အောက်တိုဘာ ၃၊ ဝါရှင်တန်

အမေရိကန်နိုင်ငံ ကင်တက်ကီပြည်နယ်မှ စာပို့သမားတစ်ဦးမှာ အဘွားအိုတစ်ဦးကို အသက် ကယ်တင်နိုင်ခဲ့ခြင်းကြောင့် သူရဲကောင်းအဖြစ် ချီးကျူးခံခဲ့ရသည်။ စာပို့သမား ကားလ်ဟာကလော့ဇ် မှာ ပြီးခဲ့သည့်တနင်္လာနေ့က ပုံမှန်အတိုင်း ရော့စ်မိုးလမ်းရှိ အိမ်တစ်လုံးသို့သွားကာ စာတိုက်ပုံးဖွင့်၍ စာပို့ပေးခဲ့သည်။ သို့သော် စာတိုက်ပုံးအတွင်း စာများပြည့်လျှံနေခြင်းကြောင့် သင်္ကာမကင်း ဖြစ်ခဲ့သည့် ကားလ်ဟာကလော့ဇ်က အိမ်နီးချင်းများထံ အကြောင်းကြားခဲ့ပြီး ရဲတပ်ဖွဲ့ထံ ဖုန်းဆက်အကြောင်း ကြားခဲ့သည်။
 
ကားလ်ဟာကလော့ဇ်မှာ အဆိုပါလမ်းကြောင်းတွင် ၈ နှစ်ကြာ စာပို့ခဲ့သူဖြစ်ပြီး စာတိုက်ပုံးအတွင်း စာများ ပြည့်လျှံနေသည့် နေအိမ်မှာ အသက် ၈၄ နှစ်အရွယ် နှစ်လိုဖွယ် အဘွားအိုတစ်ဦး နေထိုင်သည့်အိမ်ဖြစ်သည်။ ရဲတပ်ဖွဲ့က နေအိမ်အတွင်း ဝင်ရောက်ရှာဖွေရာတွင် မီးဖိုဆောင်ကြမ်းပြင်အတွင်း လဲကျနေသည့် အဘွားအိုကို တွေ့ရှိခဲ့သည်။ အဘွားအိုမှာ လွန်ခဲ့သည့်ရက်ပေါင်းများစွာကတည်းက လဲကျနေခဲ့ပြီး တင်ပါးရိုး ကျသွားခြင်းကြောင့် ပြန်မထနိုင်ခဲ့ခြင်းဟု ဆိုသည်။ ကားလ်ဟာကလော့ဇ်က အချိန်မီ သတင်းပေးနိုင်ခဲ့ခြင်းကြောင့် အဘွားအို၏အသက်ကို ကယ်တင်နိုင်ခဲ့ရာ ဒေသခံများက ယင်း၏ လုပ်ရပ်ကို ချီးကျူးလျက်ရှိသည်။

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ