ရန်ကုန် ဧပြီ ၂၆ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် COVID-19 ကော်မတီမှ အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးသိန်းနိုင် ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးရဲအောင်နှင့်တာဝန်ရှိသူများ ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဌ ဦးမင်းမင်းလတ်နှင့် မြို့နယ်စည်ပင် သာယာရေးကော်မတီမှ တာဝန်ရှိသူများ ၊ မြို့နယ်အခွန်ဦးစီးမှူး ဦးဇော်ဝင်းမင်းတို့သည် မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော ရဲတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းတပ်ဖွဲ့ ၊ မီးသတ်တပ်ဖွဲ့ဝင်များ ၊ ရပ်ကွက်အုပ်ချုပ်ရေး တာဝန်ရှိသူများနှင့်အတူ လှည့်ကင်း၊ ပတ်ကင်းများဆောင်ရွက်မှုများကို ဧပြီ ၂၄ ရက် ည ၁၀ နာရီအချိန်မှစတင်ပြီး ည ၁၂ နာရီခွဲအချိန်ထိ ပူးပေါင်း ပါဝင်ခဲ့ကြစဉ်။ (NWA)