နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြင်သစ်အိုးပင်း တင်းနစ်ပြိုင်ပွဲမှ ဆရီနာဝီလျံ နုတ်ထွက်

အောက်တိုဘာ  ၂


ကမ္ဘာ့အဆင့် ၁ အမျိုးသမီးတင်းနစ်မယ်ဟောင်း ဆရီနာဝီလျံသည် ဒဏ်ရာပြဿနာကြောင့် ပြင်သစ် အိုးပင်းတင်းနစ်ပြိုင်ပွဲမှ နုတ်ထွက်ခဲ့ကြောင်း သိရသည်။

ဆရီနာဝီလျံသည် ပြင်သစ်အိုးပင်းတင်းနစ်ပြိုင်ပွဲ အမျိုးသမီးတစ်ဦးချင်းပွဲစဉ်၏ ပထမအဆင့်ပွဲစဉ်တွင် အမေရိကန်တင်းနစ်မယ် ခရစ္စတီနှင့် ယှဉ်ပြိုင်ကစားခဲ့ရပြီး ယင်းပွဲစဉ်တွင် ယင်းက (၇-၆ ၊ ၆-၀) ရလဒ်ဖြင့် အနိုင်ရရှိကာ ဒုတိယအဆင့်သို့ တက်ရောက်နိုင်ခဲ့သော်လည်း ခြေဖနောင့်ဒဏ်ရာကြောင့် ပြိုင်ပွဲမှ နုတ်ထွက်ခဲ့ ခြင်းဖြစ်သည်။

“ယူအက်စ်အိုးပင်းတင်းနစ်ပြိုင်ပွဲ ပြီးဆုံးကတည်းက ခြေဖနောင့်ဒဏ်ရာရရှိခဲ့တာပါ။ ခြေဖနောင့် ဒဏ်ရာဟာ အချိန်တိုအတွင်း သက်သာလာနိုင်တဲ့ဒဏ်ရာမဟုတ်တဲ့အတွက် အနားယူဖို့လိုအပ်နေပါတယ်။ အခု လမ်းလျှောက်တာလည်း အဆင်မပြေပါဘူး။ ဒုတိယအဆင့်ပွဲစဉ်အတွက် သွေးပူလေ့ကျင့်ခန်းလုပ်ခဲ့ပြီး ဒဏ်ရာက နာကျင်လာတဲ့အတွက် ပြိုင်ပွဲကနေနုတ်ထွက်ဖို့ ဆုံးဖြတ်ခဲ့တာပါ”ဟု ဆရီနာဝီလျံက ပြောသည်။

အမျိုးသမီးတင်းနစ်လောက၏ အအောင်မြင်ဆုံးတင်းနစ်မယ်ဖြစ်သည့် ဆရီနာဝီလျံသည် ဒဏ်ရာ ပြဿနာကို ကျွမ်းကျင်ဆရာဝန်နှင့် ပြသကာ စစ်ဆေးမှုပြုလုပ်ခဲ့သော်လည်း ဆရာဝန်ကအနားယူရန် လိုအပ်ကြောင်း အကြံပြုခဲ့သည့်အတွက် ပြိုင်ပွဲမှနုတ်ထွက်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။              (သူရိန်)






အခြားဆက်စပ်သတင်းများ