နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မန်ယူတို့ ကာရာဘောင်းပွဲစဉ်မှာ ဘရိုက်တန်ကို အချိန်မနှောင်းခင် ဂိုးပြတ်သွင်းအနိုင်ယူ

အောက်တိုဘာ ၂


မန်ယူအသင်းဟာ ကာရာဘောင်းဖလား စတုတ္ထအဆင့်ပွဲစဉ်မှာတော့ ဘရိုက်တန်အသင်းကို ပရီးမီးယားလိဂ်ပွဲစဉ်မှာလို မဟုတ်ဘဲ ပွဲချိန်အတွင်း ၃−၀ ရလဒ်နဲ့ အနိုင်ကစားပြီး ကွာတားဖိုင်နယ်ကို တက်ရောက်သွားခဲ့ပါတယ်။ ဒီပွဲမှာ မန်ယူတို့ နွေရာသီကမှ ခေါ်ယူထားတဲ့ကစားသမား ဗန်ဒီဘိစ်ဟာ ပွဲချိန်ပြည့်ပါဝင်ကစားကာ ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။ ပွဲအပြီးမှာ မာတာက ဗန်ဒီဘိခ်နဲ့အတူ တွဲကစားရတာ အလွန်သဘောကျကြောင်း ပြောခဲ့ပါတယ်။ မာတာဟာ မက်တိုမီနေးသွင်းယူခဲ့တဲ့ ပထမဂိုးကိုလည်း ဖန်တီးပေးနိုင်ခဲ့ပြီး ခြေစွမ်းပြနိုင်ခဲ့တာကြောင့် မန်ယူကစားသမားဘဝ သွင်းဂိုး ၅၀ ပြည့်မြေက်သွားခဲ့ပါတယ်။ မာတာက “ဗန်ဒီဘိခ်ဟာ အလွန်လိမ္မာပါးနပ်တဲ့ ဂိုးဖန်တီးမှုကို ပြုလုပ်နိုင်ခဲ့ပါတယ်။ သူဟာ ခြေစွမ်း ထက်တဲ့ကစားသမားပါ။ သူနဲ့အတူတူ တွဲကစားရတာကို သဘောကျပါတယ်။ သူက ဂိုးသွင်းခွင့်တွေရဖို့ နေရာလွတ်တွေရှာဖွေပေးနိုင်ပါတယ်။ သူနားလည်ထားတဲ့ဘောလုံးအပေါ်ခံယူချက်တွေကို ကျွန်တော် သဘောကျပါတယ်။ One- two တွဲကစားတဲ့ပုံစံတွေ၊ ဘောလုံးပေးပို့ပြီးလှုပ်ရှားတဲ့ပုံစံတွေနဲ့ ဂိုးသွင်းယူတဲ့ပုံစံတွေကို သဘောကျပါတယ်”လို့ Sky Sports နဲ့ပွဲအပြီးမှာ ပြောဆိုခဲ့တာပါ။ မန်ယူဟာ ဘရိုက်တန်အသင်းနဲ့ စနေနေ့က ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာတော့ ပွဲပြီးမှရတဲ့ပင်နယ်တီနဲ့ နိုင်ခဲ့ ပေမယ့် ဒီပွဲမှာတော့ ဂိုးပြတ်နဲ့ပွဲချိန်အတွင်း အနိုင်ရခဲ့တာပါ။   (SO)






အခြားဆက်စပ်သတင်းများ