နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
COVID-19 ကြောင့် ကမ္ဘာတစ်ဝန်းတွင် သေဆုံးသူ ၂၀၀၀၀၀ ကျော်ရှိလာ၊ ကူးစက်ခံရသူ ၃ သန်းပြည့်တော့မည်

ဧပြီ ၂၆၊ ဝါရှင်တန် ကမ္ဘာတစ်ဝန်းတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၂၀၀၀၀၀ ကျော်ရှိလာခဲ့ပြီဖြစ်ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်က ထုတ်ပြန်ထားသည်။ COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှုဒဏ် အဆိုးရွားဆုံး ခံစားနေရသည့် အမေရိကန်နိုင်ငံတွင် သေဆုံးသူ ၅၀၀၀၀ ကျော် ရှိနေပြီး ကမ္ဘာတစ်ဝန်းတွင် COVID-19 ကူးစက်ခံရသူ ၂.၉ သန်းကျော်ရှိနေသည်။ တရုတ်နိုင်ငံတွင် COVID-19 ကြောင့် ပထမဆုံး လူသေဆုံးမှုမှာ ဇန်နဝါရီလ ၁၁ ရက်က ဖြစ်ပွားခဲ့ခြင်းဟု တရုတ်နိုင်ငံပိုင်မီဒီယာက ဖော်ပြသည်။ ထို့နောက်တွင် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံနှင့်ပိုင်နက် ၂၁၀ ကျော်တွင် COVID-19 ကြောင့် လူသေဆုံးမှုများဖြစ်ပွားခဲ့သည်။ လက်ရှိအချိန်တွင် COVID-19 ကြောင့် သေဆုံးသူ ၂၀၀၀၀ အထက်ရှိသည့် နိုင်ငံ ၅ နိုင်ငံရှိနေပြီး ဗြိတိန်နိုင်ငံတွင် သေဆုံးသူ ၂၀၃၁၉ ဦး၊ အီတလီနိုင်ငံတွင် ၂၆၃၄၈ ဦး၊ စပိန်နိုင်ငံတွင် ၂၂၉၀၂ ဦး၊ ပြင်သစ်နိုင်ငံတွင် ၂၂၂၄၅ ဦး ရှိနေသည်။ ဗြိတိန်နိုင်ငံ၏ သေဆုံးသူစာရင်းမှာ ဆေးရုံတွင် သေဆုံးသူများကိုသာ ထည့်သွင်းထားခြင်းဖြစ်ပြီး COVID-19 ရောဂါကြောင့် နေအိမ် သို့မဟုတ် အခြားနေရာများတွင် သေဆုံးသူများကို ထည့်သွင်းတွက်ချက်ထားခြင်းမရှိပေ။ Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ