နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Live လွှင့်နေစဉ် ခင်ပွန်းဟောင်းဖြစ်သူက ဓာတ်ဆီလောင်းပြီး မီးရှို့၍ တရုတ်လူမှုကွန်ရက်ပေါ်မှာ နာမည်ကျော်အမျိုးသမီး သေဆုံး

အောက်တိုဘာ  ၂၊ ဘေဂျင်း


Live လွှင့်နေစဉ် ခင်ပွန်းဟောင်းက ဓာတ်ဆီလောင်းပြီး မီးရှို့ခဲ့ခြင်းကြောင့် တရုတ်နိုင်ငံ၏ လူမှုကွန်ရက်ပေါ်မှ နာမည်ကျော်တစ်ဦး သေဆုံးခဲ့ကြောင်း တရုတ်မီဒီယာက ဖော်ပြသည်။ လာမူဟု အမည်ရသည့် အမျိုးသမီးမှာ တရုတ်နိုင်ငံတွင် Douyin ဟု ခေါ်ဆိုသည့် TikTok app တွင် လူသိများထင်ရှားသူဖြစ်ပြီး အားပေးသူသိန်းချီရှိသည်။ စီချွမ်ပြည်နယ်တွင် နေထိုင်သည့် လာမူမှာ ကျေးလက်ဒေသ လူမှုဘဝ ပျော်ရွှင်စရာအကြောင်းအရာများ ရိုက်ကူးဖော်ပြလေ့ရှိပြီး ယင်း၏ဗီဒီယိုများတွင် မိတ်ကပ်မလိမ်းသည့်အတွက် ချီးကျူးခံခဲ့ရသူဖြစ်သည်။ လာမူ၏ဗီဒီယိုများမှာလည်း နှစ်သက်အားပေးသူ သန်းချီရှိသည်။


စက်တင်ဘာလ ၁၄ ရက်က ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုကြောင့် လာမူ၏ ခန္ဓာကိုယ် ၉၀ ရာခိုင်နှုန်းတွင် လောင်ကျွမ်းဒဏ်ရာများ ရရှိခဲ့ပြီး ယင်းကို ဒေသခံဆေးရုံသို့ တင်ပို့ခဲ့သည်။ ထိုမှတစ်ဆင့် စီချွမ်ပြည်နယ်ဆေးရုံသို့ ထပ်မံပို့ဆောင်ခဲ့ပြီး လာမူ၏မိသားစုက အွန်လိုင်းပေါ်တွင် အလှူငွေကောက်ခံခဲ့ရာ ၂၄ နာရီအတွင်း ယွမ်တစ်သန်း ( ပေါင် ၁၁၄၂၈၀) ရရှိခဲ့သည်။


သို့သော် ကုသမှုမအောင်မြင်ခဲ့ခြင်းကြောင့် ရက်သတ္တနှစ်ပတ်အကြာတွင် လာမူ ကွယ်လွန်သွားခဲ့ကြောင်း ဒေသခံမီဒီယာက ဖော်ပြသည်။ အဆိုပါဖြစ်ရပ်မှာ တရုတ်နိုင်ငံတွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုနှင့်ပတ်သက်၍ လူမှုကွန်ရက်တွင် လူပြောများသည့် အကြောင်းအရာတစ်ရပ် ဖြစ်ခဲ့သည်။ တန်ဟု အမည်ရသည့် လာမူ၏ခင်ပွန်းဟောင်းကို ရည်ရွယ်ချက်ရှိရှိ လူသတ်မှုဖြင့် စက်တင်ဘာလ ၁၄ ရက်တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်။                                         


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ