နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ ဇနီးမောင်နှံတွင် COVID-19 ရောဂါပိုးတွေ့ရှိ

အောက်တိုဘာ  ၂၊ ဝါရှင်တန်


ယင်းတို့ဇနီးမောင်နှံတွင် COVID-19 ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်း ဒေါ်နယ်ထရမ့်က ယင်း၏ တွစ်တာ စာမျက်နှာတွင် ရေးသားထားသည်။ အနီးကပ်နေသည့် အကြံပေးအရာရှိ ဟုပ်ဟစ်တွင် COVID-19 ရောဂါ ပိုးစစ်ဆေးတွေ့ရှိခဲ့ပြီးနောက် ဒေါ်နယ်ထရမ့် ဇနီးမောင်နှံကို ရောဂါ ရှိ၊ မရှိ စစ်ဆေးခဲ့ရာ ရောဂါပိုး တွေ့ရှိ ခဲ့သည်။


အသက် ၃၁ နှစ်ရှိသည့် သမ္မတအကြံပေး ဟုပ်ဟစ်မှာ COVID-19 ရောဂါပိုး တွေ့ရှိခဲ့သည့် အမေရိကန် အရာရှိများအနက် ဒေါ်နယ်ထရမ့်နှင့် အနီးကပ်ဆုံးနေသူဖြစ်ပြီး ယခုရက်သတ္တပတ်အစောပိုင်းက ဒေါ်နယ်ထရမ့် နှင့်အတူ Air Force One လေယာဉ်ပေါ် လိုက်ပါခဲ့ပြီး အိုဟိုင်းအိုးပြည်နယ်တွင် ကျင်းပခဲ့သည့် စကားရည်လုပွဲကို သွားရောက်ခဲ့သည်။ ပြီးခဲ့သည့်အင်္ဂါနေ့က ကလိဗ်လန်းမြို့တွင် သမ္မတ၏ လေယာဉ်ပေါ်မှ ဆင်းလာချိန်တွင်လည်း ဟုပ်ဟစ်က နှာခေါင်းစည်း တပ်မထားကြောင်း တွေ့ရသည်။


ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့က မင်နီဆိုတာပြည်နယ်တွင် စုဝေးပွဲကျင်းပရန် သမ္မတဒေါ်နယ်ထရမ့် သွားရောက် ခဲ့ချိန်ကလည်း Marine One ရဟတ်ယာဉ်ပေါ်တွင် သမ္မတဒေါ်နယ်ထရမ့်နှင့်အတူ နီးနီးကပ်ကပ် ထိုင်ခဲ့သည်။ ''နည်းနည်းလေးတောင် အနားမယူဘဲ အရမ်းအလုပ်ကြိုးစားခဲ့တဲ့ ဟုပ်ဟစ်မှာ COVID-19 ရောဂါပိုး တွေ့ရှိခဲ့ပါတယ်။ ထိတ်လန့်စရာပါပဲ။ ကျွန်တော်တို့လင်မယားနှစ်ယောက်လည်း အသွားအလာ ကန့်သတ်ပြီး ရောဂါ ပြန်လည်သက်သာလာအောင် လုပ်နေပါပြီ။ အတူတကွ ဖြတ်သန်းကြတာပေါ့''ဟု  ဒေါ်နယ်ထရမ့်က တွစ်တာပေါ်တွင် ရေးသားထားသည်။


ဒေါ်နယ်ထရမ့်အနေဖြင့် COVID-19 ရောဂါကြောင့် အသွားအလာကန့်သတ်မှုခံယူရမည့်အတွက် အောက်တိုဘာလ ၁၅ ရက်တွင် ကျင်းပမည့် ဒုတိယမြောက် စကားရည်လုပွဲကို ရွှေ့ဆိုင်းရဖွယ်ရှိနေသည်။ အမေရိကန်နိုင်ငံမှာ COVID-19 ရောဂါ ကူးစက်ခံရသူ ၇ ဒသမ ၂ သန်းကျော် ရှိနေပြီး သေဆုံးသူ ၂၀၀၀၀၀ ကျော်ရှိသည်။                                                                                                                                    


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ