ရန်ကုန် အောက်တိုဘာ ၁
ငှက်ဖျားရောဂါသည် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများတွင် ပြည်သူ့ကျန်းမာရေးပြဿနာတစ်ခု အဖြစ် ရှိနေဆဲဖြစ်သည်။ ကမ္ဘာ့ငှက်ဖျားရောဂါဖြစ်ပွားသေဆုံးမှု၏ ၉၀ ရာခိုင်နှုန်းသည် အာဖရိကနိုင်ငံများတွင် ဖြစ်ပွားလျက်ရှိပြီး ဒုတိယအများဆုံးဖြစ်ပွားသေဆုံးမှုများမှာ အရှေ့တောင်အာရှနိုင်ငံများဖြစ်ကြောင်း သိရှိရ သည်။ မြန်မာနိုင်ငံသည် အင်ဒိုနီးရှား၊ အိန္ဒိယနိုင်ငံတို့နှင့် ဖြစ်ပွားသေဆုံးမှုနှုန်း အများဆုံးတွင် ပါဝင်နေပေ သည်။ မြန်မာနိုင်ငံလူဦးရေတစ်ဝက်ကျော်သည် ကူးစက်အန္တရာယ်ရှိသည့် ဒေသများတွင် နေထိုင်ကြပြီး ငှက်ဖျား ဖြစ်ပွားသူ ၂၃ ဒသမ ၃၉၂ ဦး တစ်နိုင်ငံလုံးတွင် ငှက်ဖျားဖြစ်ပွားသူ သုံးသိန်းနီးပါးရှိပေသည်ဟု သက်ဆိုင်ရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ စာရင်းများအရ သိရပေသည်။
မြန်မာနိုင်ငံ အမျိုးသားငှက်ဖျားရောဂါတိုက်ဖျက်ရေးအနေဖြင့် ၂၀၁၅ ခုနှစ်တွင် ထောင်စုနှစ် ရည်မှန်းချက် ဖြစ်သော ငှက်ဖျားရောဂါဖြစ်ပွားသေဆုံးမှု ထက်ဝက်လျှော့ချရေး ရည်မှန်းချက်ကို ပြည့်မီအောင် ဆောင်ရွက် နိုင်ခဲ့ပေသည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် နှီးနွှယ်ဌာနဆိုင်ရာများ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့ အစည်းများ၊ ဒေသခံလူမှုရေးအဖွဲ့အစည်းများနှင့် ပြည်သူတစ်ရပ်လုံး၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုကြောင့် အောင်မြင်မှုများ ရှရှိခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် ငှက်ဖျားရောဂါတိုက်ဖျက်ရေးဆိုင်ရာ အလေ့အကျင့် ကောင်း၊ ရလဒ်ကောင်းများကို ဆက်လက်ထိန်းသိမ်းရန်နှင့် ငှက်ဖျားရောဂါဖြစ်ပွားသူများ သေဆုံးမှုမရှိစေရေး အတွက် ပိုမိုရင်းနှီးမြှုပ်နှံသွားရန် လိုအပ်ပေသည်။
UNOPS အဖွဲ့မှ ကျန်းမာရေးဝန်ကြီးဌာနနှင့် အားကစားဝန်ကြီးဌာန COVID-19 တုံ့ပြန်ဆောင်ရွက်ရေး ဆေးနှင့် ဆေးပစ္စည်းများ ဝယ်ယူပံ့ပိုးမှုအခြေအနေ၊ Global Fund ထောက်ပံ့ငွေဖြင့် တီဘီ၊ ခုခံကျကာလသား နှင့် ငှက်ဖျားရောဂါများ တိုက်ဖျက်ရေးအတွက် ၂၀၂၁-၂၀၂၃ ခုနှစ်အထိ သဘောတူညီချက် လက်မှတ်ရေးထိုး ရေးကိစ္စများနှင့် စပ်လျဉ်းသည့် ဆွေးနွေးပွဲကို စက်တင်ဘာ ၃၀ ရက်၊ မွန်းလွဲပိုင်းက ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနနှင့် Video Conferencing စနစ်ဖြင့် ကျင်းပသည်။ ယခု COVID-19 ရောဂါဖြစ်ပွားနေချိန်တွင် တီဘီ၊ ခုခံကျ၊ ကာလသားနှင့် ငှက်ဖျားရောဂါဖြစ်ပွားသူများအပါအဝင် အခြားသောရောဂါအမျိုးမျိုး ဖြစ်ပွားသူများ ဆေးကုသမှုခံယူရန်နှင့် ဆေးပြတ်လပ်မှုများ မရှိစေရေးလုပ်ငန်းများသည် အထူးအရေးကြီးပါကြောင်း၊ သေချာ စွာမကိုင်တွယ်နိုင်ပါက COVID-19 ပြီးနောက် ဤရောဂါသုံးမျိုးဖြစ်ပွားသေဆုံးမှုများ မြင့်တက်လာနိုင်သည်ဟူ သော အချက်ကို ကြိုတင်ခန့်မှန်းမိသဖြင့် လိုအပ်သည်များကို မိမိတို့ ဆောင်ရွက်ချက်ရှိပါကြောင်း၊ အဆိုပါကိစ္စ ရပ်များအတွက်လည်း မြန်မာနိုင်ငံရှိ မိတ်ဖက်အဖွဲ့အစည်းများအနေဖြင့် ဆက်လက်ပူးပေါင်းဆောင်ရွက်လို ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဆွေးနွေးခဲ့သည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် ခြင်ကြောင့်ဖြစ်ပွားသောရောဂါများ ဖြစ်ပွားမှုလုပ်ငန်းများကို ပါ ဆောင်ရွက်လျက်ရှိရာ ခြင်နှိမ်နင်းရေးသည် အဓိကဖြစ်သည့်အလျောက် သက်ဆိုင်ရာဝန်ကြီးဌာနများ ပြည်တွင်း၊ ပြည်ပလူမှုရေးအဖွဲ့အစည်းများ၊ စေတနာ့ဝန်ထမ်းများအပါအဝင် ပူးပေါင်းဆောင်ရွက်စေချင် ကြောင်း ။ ။