နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြေပဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း ပဲပေါ်ချိန်ဈေးကောင်းရရန် မျှော်လင့်နေ

ရေနံချောင်း အောက်တိုဘာ ၁


မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်တွင် မြေပဲပင်များအောင်မြင်ဖြစ်ထွန်းနေကာ ပဲပေါ်ချိန် မြေပဲဈေးကောင်းရရန် မျှော်လင့်လျက်ရှိကြောင်း မြေပဲစိုက်တောင်သူများထံက သိရသည်။

ရေနံချောင်းမြို့နယ်တွင် သြဂုတ်လထဲတွင် မိုးရွာသွန်းသောကြောင့် ယာမြေများ၌မြေပဲကိုစိုက်ပျိူးခဲ့ ကြောင်း သိရသည်။

မြေပဲသုံးတင်းစိုက်တယ်။ အရင်းအနှီးကလည်းတစ်တင်း ကျပ် ၆၀ဝ၀ ကနေ ကျပ် ၇၀ဝ၀ အထိ ဝယ်စိုက်ရတယ်။ မြေသြဇာ၊ ထွန်ယက်ခ၊ အလုပ်သမားခစသဖြင့် ကုန်ကျတဲ့အတွက် မြေပဲပေါ်ချိန်မှာမြေပဲ ဈေးကောင်းရရန်ဖို့လိုတယ်ဟု ရေနံချောင်းမြို့နယ်မှ တောင်သူဦးတင်ဝင်းကပြောသည်။ ရေနံချောင်းမြို့နယ် တွင် လက်ရှိဈေးမှာ မြေပဲတစ်တင်းကျပ် ၈၀ဝ၀ ဝန်းကျင်သာပေါက်ဈေးရှိကြောင်းသိရသည်။

လက်ရှိမိုးလယ်ရာသီ သြဂုတ်လဆန်း၌ စိုက်ပျိူးထားသောမြေပဲများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ယခင်က အထွက်နှုန်းမှာတစ်ဧလျှင် တင်းငါးဆယ်ကနေ တင်းခုနှစ်ဆယ်အထိ ထွက်ရှိကြောင်း ဒေသခံများ ထံကသိရသည်။ အညာဒေသထွက် မြေပဲဆန်ကိုဆီစက်များနှင့် ပဲဆီသန့်လုပ်ငန်းများနှင့် မြေပဲလှော်လုပ်ငန်း၊ ပဲကြော်လုပ်ငန်းများက ကုန်ကြမ်းအဖြစ်အသုံးပြုကြကြောင်း သိရသည်။

ဆန်းညွန့်(ရေနံချောင်း)






အခြားဆက်စပ်သတင်းများ