နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပရီးမီးယားလိဂ်ရဲ့ လက်ထိဘောစည်းမျဉ်းသစ်နဲ့အတူ ပင်နယ်တီတွေ ပိုများလာ

အောက်တိုဘာ  ၁


ပရီးမီးယားလိဂ်မှာ ပင်နယ်တီပြစ်ဒဏ်တွေပွဲစဉ် ၃ မှာတင်ဖြစ်ပေါ်မှုများလာပါတယ်။ ဒါဟာ ပရီးမီးယားလိဂ်ရဲ့ စည်းမျဉ်းတင်းကြပ်လာမှုတွေကြောင့်လို့ ဆိုကြပါတယ်။ ပရီးမီးယားလိဂ်က လက်ထိ ဘော စည်းမျည်းအသစ် ပြဌာန်းခဲ့ပါတယ်။ နည်းစနစ် ပိုင်းဆိုင်ရာအသစ်ထည့်သွင်းတာမျိုးမဟုတ်ပါဘူး။ အရင်ပြဌာန်းပြီးတာတွေကို တင်းတင်းကြပ်ကြပ် ပြန်ပြင်တာမျိုးပါ။ အဲဒါ လက်ထိဘောကြောင့် ပင်နယ်တီရမယ့်အတွက်ပါ။ လက်ထိဘော ဘယ်အခြေအနေမှာဖြစ်လဲဆိုတာကို စည်းမျဉ်းတွေနဲ့ သတ်မှတ်လိုက်တာပါ။ ၁။ လက်နဲ့လက်မောင်းဟာ ခန္ဓာကိုယ်ရဲ့အဝေးမှာရှိနေပြီး “body Line” အပြင်ဘက်မှာရှိနေရင် လက်ထိပါတယ်။ ၂။ ကစားသမားဟာ ဘောလုံးလမ်းကြောင်းကို ရှင်းရှင်းလင်းလင်း ယိုင်ကျလာရင် လက်ထိပါတယ်။ ၃။ ဘောလုံးအကွာအဝေးတစ်ခုခုကို ရောက်ခဲ့ရင် လက်ထိပါတယ်။ (ဒါက အနီးအနားမှ လက်ထိဘောရအောင်ကပ်တို့တာမျိုးပါ။) ၄။ ကစားသမားလဲကျတယ်။ နောက်ပြီး လက်၊ လက်မောင်းဟာ ဘေးတိုက် ဒါမှမဟုတ် ဒေါင်လိုက်ဖြစ်ဖြစ် ခန္ဓာကိုယ်ကနေ ဆန့်ထွက်လာရင် လက်ထိပါတယ်။ ၅။ ပခုံးအထက်ကို သိသိသာသာမြောက်နေတဲ့လက်ကို ဘောလုံးက လာထိတာနဲ့ လက်ထိပါတယ်။ ၆။ ရှင်းရှင်းလင်းလင်း ပြန်ကန်ထွက်လာတဲ့ ဘောလုံးဟာ ပခုံးအထက် ဒါမှမဟုတ် ခန္ဓာကိုယ်ကနေ သိသိသာသာဆန့်ထွက်နေတဲ့လက်ကို ဘောလုံးကထိတာမျိုးနဲ့ ကွဲပြားမှုမရှိပါဘူး။ (ဘောလုံးလမ်းကြောင်းက တိုက်ရိုက်မဟုတ်ဘဲ တစ်ခုခုကိုထိပြီးမှ ထွက်လာတာလို့ပြောခဲ့တဲ့ လက်တွေကို ထိရင်လည်း လက်ထိပါတယ်။) ၇။ လက်မောင်းနဲ့ထိပြီးချိန်မှာ ချက်ချင်းဆိုသလို ကစားသမားက ဂိုးရရင်ဒါမှမဟုတ် ဂိုးရဖို့ကိုအခွင့်အရေးလုပ်ပေးခဲ့ရင်လည်း လက်ထိပါတယ်။ (မတော်တဆလည်းမရပါဘူး လို့ဆိုထားပါတယ်။) လက်မောင်း သတ်မှတ်ချက်ကို ဂျာစီလက်မောင်းအဆုံးနဲ့မှတ်ထားတဲ့အတွက် VAR တွေအလုပ်ပိုဖြစ်လာမှာပါ။ တကယ်လို့များ ပင်နယ်တီဧရိယာထဲ မှာ လက်ထိခဲ့လို့ နောက်ခံလူက လက်နောက်ပစ်ပြီးကာတာမျိုးမဟုတ်ရင်တော့ ပင်နယ်တီဖြစ်ဖို့ ရာခိုင်နှုန်းတော်တော်လေးများပါတယ်။ စည်းမျဉ်းတွေက အတော်လည်း တင်းကြပ်တာကြောင့် နောက်ခံလူတွေအတွက် မလွယ်ကူတော့ပါဘူး။ အခုစည်းမျဉ်းတွေကို ကျွမ်းကျင်သူတွေရဲ့ သုံးသပ်ချက်က လက်မောင်းကိုထိတာနဲ့ လက်ထိဘောဖြစ်ဖို့ ရာနှုန်းပြည့်ရှိတယ်လို့ ဆိုပါတယ်။ ဒီအခြေအနေက ပရီးမီးယားလိဂ်မှာဂိုးရဖို့ ဗျူဟာအသစ်အနေနဲ့ တမင်သက်သက်ကန်ရင်တောင် လက်ကို နည်းမှန်မှန်နဲ့ထိရင် ပင်နယ်တီရသွားနိုင်တဲ့ စည်းမျဉ်းတွေပါ။   (SO)






အခြားဆက်စပ်သတင်းများ