အောက်တိုဘာ ၁
ဘာမြူဒါကျွန်း၌ ကျင်းပမည့် ၂၀၂၀ ဘာမြူဒါချန်ပီယံရှစ်ဂေါက်သီးရိုက်ပြိုင်ပွဲတွင် ပရိသတ်များဝင်ရောက် ကြည့်ရှုခွင့်ပြုမည်ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေးကော်မတီက ထုတ်ပြန်ခဲ့သည်။
အောက်တိုဘာလနောက်ဆုံးပတ်တွင် ကျင်းပသွားမည့် ၂၀၂၀ ဘာမြူဒါချန်ပီယံရှစ် ဂေါက်သီးရိုက် ပြိုင်ပွဲတွင် နာမည်ကြီးဂေါက်သီးရိုက်ကစားသမား အများအပြားပါဝင်ယှဉ်ပြိုင်ရန် ပစ်မှတ်ထားနေပြီး တာဝန်ရှိသူများကလည်း ပြိုင်ပွဲကို အကောင်းဆုံးဖြစ်ရန် စီစဉ်ပေးမည်ဖြစ်ကာ ပရိသတ်ဦးရေကိုလည်း ကန့်သတ်သွားမည်ဖြစ်သည်။
သို့သော် လက်ရှိတွင် ဝင်ရောက်ကြည့်ရှုခွင့်ပြုမည့် ပရိသတ်ဦးရေသတ်မှတ်ရခြင်းမရှိသေးဘဲ ပြိုင်ပွဲ ကျင်းပရေးကော်မတီမှ တာဝန်ရှိသူများနှင့် အစိုးရအဖွဲ့တို့ကြား ဆွေးနွေးညှိနှိုင်းသွားမည်ဖြစ်ပြီး ဆွေးနွေး ညှိနှိုင်းမှုရလဒ်အပေါ် မူတည်ကာ ပရိသတ်ဦးရေ သတ်မှတ်သွားမည်ဖြစ်သည်။
ဘာမြူဒါကျွန်းသည် COVID-19 ရောဂါ ကူးစက်မှုနှုန်းမြင့်မားခဲ့သော်လည်း ယခုအခါတွင် ရောဂါကူးစက် မှုနှုန်း အနည်းငယ်ကျဆင်းလာသည့်အတွက် ပြိုင်ပွဲတွင် ပရိသတ်အနည်းငယ် ဝင်ရောက်ကြည့်ရှုခွင့်ပြုရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (သူရိန်)