နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကာရာဘောင်းဖလားပွဲအပြီး နည်းပြ ၂ ဦးရဲ့ ကတောက်ကဆကတော့ အမှတ်တရဖြစ်ခဲ့

အောက်တိုဘာ  ၁


စပါးအသင်းဟာ ကာရာဘောင်းဖလားပွဲစဉ်မှာ ချဲလ်ဆီးကိုပင်နယ်တီနဲ့ အနိုင်ရခဲ့ပါတယ်။ ကစားချိန် အတွင်းမှာ ဆရာတပည့်ဖြစ်ခဲ့သူနည်းပြနှစ်ဦးတို့ အနည်းငယ်အချင်းများခဲ့ကြပါတယ်။ မော်ရင်ဟိုအနေနဲ့ လမ်းပတ်ကို နည်းပြဘဝပထမဆုံးအကြိမ်အနိုင်ရခဲ့တာဖြစ်ပြီး ဒီပွဲမှာပဲ ကတောက်ကဆဖြစ်ခဲ့တာကတော့ အမှတ်တရပဲဖြစ်ပါတယ်။ ကွင်းဘေးမှာကြီးကြပ်နေချိန် မော်ရင်ဟိုက လမ်းပတ်ကို “မင်းအနေနဲ့ ၃−၀ နဲ့ ရှုံးနေရင် ဒီလိုမတ်မတ်ရပ်နေမှာမဟုတ်ဘူး”လို့ ပြောဆိုခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ဝက်ဘရွန်းနဲ့ပွဲမှာ ပထမပိုင်း ဂိုးပြတ်နဲ့ရှုံးနေချိန် လမ်းပတ်ရဲ့အပြုအမူကို ပြန်လည်ဆွဲထုတ်ကာ ပြောဆိုခဲ့တာဖြစ်ပါတယ်။ အဲဒီအချိန်မှာ ချဲလ်ဆီးက ၁ ဂိုးအသာနဲ့ အနိုင်ရနေချိန်လည်းဖြစ်ပါတယ်။ လမ်းပတ်အနေနဲ့ မော်ရင်ဟိုရဲ့ ရန်စတဲ့ပုံစံမျိုး ပြောဆိုနေပုံအပေါ်သည်းမခံနိုင်ခဲ့တာဖြစ်ပြီး အချင်းများမှုဖြစ်ပွားခဲ့တာပါ။ မော်ရင်ဟိုဟာ ခုရက်ပိုင်းအတွင်းမှာ သူများကို ရန်လိုက်စနေတဲ့ပုံစံမျိုးပြပြီး မန်ယူနည်းပြဆိုးလ်ရှားနဲ့လည်း စကားလုံး တိုက်ပွဲတွေဆင်နွဲခဲ့ပါသေးတယ်။ စကားလုံးတိုက်ပွဲဆင်နွှဲတာက မော်ရင်ဟိုရဲ့ပုံစံဖြစ်ပေမယ့် နောက်ပိုင်းလို တာထက်ပိုနေခဲ့တာကတော့ ထူးခြားမှုတစ်ခုပဲဖြစ်ပါတယ်။(SO)






အခြားဆက်စပ်သတင်းများ