အောက်တိုဘာ ၁
COVID-19 ဟာ အီတလီကိုတစ်ကျော့ပြန်ရိုက်ခတ်လာပါတယ်။ ဒီတစ်ခါတော့ အီတလီရဲ့စီးရီးအေကလပ် အသင်းများကိုပါ ထိမှန်လာပါပြီ။ စီးရီးအေပြိုင်ပွဲဖြစ်တဲ့ နာပိုလီ−ဂျီနိုအာပြိုင်ပွဲပွဲစဉ်မှာ ပွဲမစခင် ဂျီနိုအာ ဂိုးသမား Mattia Perim မှာ ကိုဗစ်ပိုးတွေ့ရှိခဲ့တာကြောင့် ပွဲကစားချိန်ကို ခေတ္တရပ်ဆိုင်းခဲ့ရသလို ပွဲပြီးချိန်မှာလည်း ဂျီနိုအာတစ်သင်းလုံး ပြန်လည်စစ်ဆေးရာမှာ ကစားသမား ၁၄ ဦးအထိ ပိုးတွေ့ရှိခဲ့လို့ စီးရီးအေတာဝန်ရှိသူတွေ အတော်အလုပ်ရှုပ်ကုန်ကြပါတယ်။ ဂျီနိုအာအသင်းဟာ လာမယ့်အပတ်မှာ ဂျူဗင် တပ်အသင်းနဲ့ယှဉ်ပြိုင်ရမှာဖြစ်တာကြောင့်လည်း စီးရီးအေတာဝန်ရှိသူတွေ အတော်စိုးရိမ်မကင်းဖြစ် နေကြပါတယ်။ ဒါကြောင့် လက်ရှိမှာ လိဒ်ကို ယာယီရပ်နားဖို့ ဆွေးနွေးနေကြပါတယ်။ အီတလီအစိုးရနဲ့ အားကစားဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနတွေအတူပူးပေါင်းပြီး လက်ရှိပြဿနာကို အဖြေရှာဖို့ ကြိုးစားနေကြပါတယ်။ တစ်ဖက်မှာလည်း စီးရီးအေတာဝန်ရှိသူတွေက ဖြစ်နိုင်ဖွယ်သုံးသပ်ချက်တွေချမှတ်နိုင်ဖို့ အစည်းအဝေးများ ပြုလုပ်လျက်ရှိပါတယ်။ Corriere Dello Sports အဆိုအရ လိဂ်ကို ယာယီရပ်နားဖို့ဆိုတဲ့အချက်တစ်ခုပါဝင်နေပြီး အဖွဲ့အစည်းအားလုံးက သဘောတူညီမှုပေးဖို့တော့လိုပါတယ်။ ဂျီနိုအာ ဂိုး သမားပီရင်ကို ကိုဗစ်ပိုးတွေ့ခဲ့တဲ့ပွဲအပြီးမှာ ကွင်းလယ်ကစားသမား Passed Schome ထံမှာ ထပ်မံတွေ့ရှိခဲ့ တာကြောင့် တစ်သင်းလုံးစစ်ဆေးရာမှာတော့ ၁၄ ဦးတွေ့ခဲ့တာပဲဖြစ်ပါတယ်။ အီတလီအစိုးရက ယခု တစ်ပတ်ပြိုင်ပွဲတွေကို မကျင်းပလိုပဲ လာမယ့်နိုင်ငံတကာပွဲတွေအတွက် အနားပေးရမယ့်ကာလအတွင်း ပြဿနာကို ဖြေရှင်းနိုင်မယ်လို့ မျှော်လင့်ခဲ့ပါတယ်။ National League ပြိုင်ပွဲကာလနှစ်ပတ်အတွင်း ပြဿနာတွေကို ဖြေရှင်းဖို့အစိုးရအနေနဲ့ အသုံးချချင်နေပါတယ်။ ဒါပေမယ့် လက်ရှိ ကိုဗစ်ပျံ့နှံ့မှုအရ ယခုတစ်ပတ်ပွဲကိုရပ်နားဖို့ အခက်အခဲအချို့ရှိနေပြီး ယှဉ်ပြိုင်ခဲ့ရင်လည်းနိုင်ငံတကာပွဲသွားကစားမယ့် ကစားသမားတွေ ပါဝင်နေတာကြောင့် ကျန်းမာရေးအာမခံမရှိနိုင်လို့ အတော်လေးအကျပ်တွေ့နေရပါတယ်။ ဂျီနိုအာအပြင် အခြားအသင်းများပါ ပိုးတွေ့သူများစီရီးအေပြိုင်ပွဲယာယီနားထားမှုအပြင် နိုင်ငံအသင်းတွက် ကစားသမားစေလွှတ်မှုလည်း ရပ်နားရပါမယ်။ (SO)