နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တွစ်တာမှတစ်ဆင့် ဆက်သွယ်ခဲ့သူ ကိုးဦးကို သတ်ခဲ့ဟု ဂျပန်အမျိုးသားဖြောင့်ချက်ပေး

အောက်တိုဘာ  ၁၊ တိုကျို


တွစ်တာပေါ်မှတစ်ဆင့် ဆက်သွယ်ခဲ့သူကိုးဦးကို သတ်ဖြတ်မိခဲ့ကြောင်း ဂျပန်အမျိုးသားက ဖြောင့်ချက် ပေးခဲ့သည်။ ယင်း၏တိုက်ခန်းအတွင်းမှ ခန္ဓာကိုယ်အစိတ်အပိုင်းများ တွေ့ရှိခဲ့ပြီးနောက် တွစ်တာ လူသတ်သမား(Twitter killer)ဟု ခေါ်ကြသည့် တာကာဟီရိုရှီရာအီရှီကို ၂၀၁၇ ခုနှစ်က ဖမ်းဆီးခဲ့သည်။


အဆိုပါဖြစ်ရပ်မှာ ဂျပန်နိုင်ငံတစ်နိုင်ငံလုံးကို တုန်လှုပ်ချောက်ချားစေခဲ့သည်။ ယင်းအပေါ် တင်ထားသည့် စွဲချက် အားလုံးမှန်ကန်ကြောင်း ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့တွင် တာကာဟီရိုရှီရာအီရှီက တရားရုံးတွင် ထွက်ဆိုခဲ့သည်။သို့သော် အချို့သူများက အသတ်ခံရန် သဘောတူညီခဲ့ခြင်းကြောင့် ယင်း၏အမှုသည်အပေါ် တင်ထားသည့် စွဲချက်အချို့ကို လျှော့ချပေးသင့်သည်ဟု ရှေ့နေများက လျှောက်လဲခဲ့သည်။


တာကာဟီရိုရှီရာအီရှီအနေဖြင့် လူသတ်မှုဖြင့် စီရင်ချက်ချမှတ်ခံရပါက သေဒဏ်ချမှတ်ခံရမည်ဖြစ်သည်။ ဂျပန်နိုင်ငံတွင် သေဒဏ်ချမှတ် ခံရသူများကို ကြိုးဆွဲချ ကွပ်မျက်လေ့ရှိသည်။ တာကာဟီရိုရှီရာအီရှီသည် ၂၀၁၇ ခုနှစ် မတ်လက ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်လိုသည့် အမျိုးသမီးများကို ဆက်သွယ်ရန် တွစ်တာအကောင့်ဖွင့်ခဲ့သည်ဟု အစိုးရရှေ့နေများက စွပ်စွဲခဲ့သည်။


တာကာဟီရိုရှီရာအီရှီ၏ သားကောင်များမှာ အသက် ၁၅ နှစ်မှ ၂၆ နှစ်ကြား အရွယ်ရှိသူများဖြစ်သည်။ တာကာဟီရိုရှီရာအီရှီက ယင်း၏သားကောင်များကို သတ်ဖြတ်ပြီး ခန္ဓာကိုယ်အစိတ်အပိုင်းများကို ခုတ်ထစ်ပိုင်းဖြတ်ကာ ဇာမာမြို့ရှိ ယင်း၏နေအိမ်တိုက်ခန်းအတွင်း သိုလှောင်ထားသည်ဟု ဆိုသည်။             

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ