နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
COVID-19 လူနာသစ် များပြားလာ၍ မက်ဒရစ်မြို့တစ်ဝိုက်တွင် ပိတ်ဆို့မှုစည်းမျဉ်းများ ချမှတ်

အောက်တိုဘာ  ၁၊ မက်ဒရစ်


COVID-19 လူနာများ မြင့်တက်လာခဲ့ပြီးနောက် စပိန်နိုင်ငံ မြို့တော် မက်ဒရစ်မြို့နှင့် ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု ဆိုးဆိုးရွားရွား ဖြစ်ပွားနေသည့် ပတ်ဝန်းကျင်ဒေသများကို ပိတ်ဆို့ရန် စပိန်အစိုးရက ညွှန်ကြားခဲ့သည်။


ကန့်သတ်မှုစည်းမျဉ်းသစ်များအရ အဆိုပါဒေသတွင် နေထိုင်သူများအနေဖြင့် မဖြစ်မနေသွားရမည့်ကိစ္စ များမှလွဲ၍ မည်သည့်ကိစ္စအတွက်မဆို အခြားဒေသသို့ သွားခွင့်မပြုပေ။ သို့သော် ယခုကဲ့သို့ ပိတ်ဆို့ခြင်းမှာ တရားဥပဒေအရ အကျုံးမဝင်ကြောင်း မက်ဒရစ်မြို့ ဒေသခံအစိုးရအဖွဲ့က ပြောသည်။


လွန်ခဲ့သည့် ရက်သတ္တနှစ်ပတ်အတွင်း စပိန်နိုင်ငံတွင် COVID-19 လူနာသစ် ၁၃၃၆၀၄ ဦး တွေ့ရှိသည့်အနက် သုံးပုံ၊ တစ်ပုံကျော်မှာ မက်ဒရစ်မြို့တစ်ဝိုက်ဒေသများတွင် နေထိုင်သူများဖြစ်သည်။


လူဦးရေ ၁၀၀၀၀၀ တွင် ရောဂါကူးစက်ခံရသူ ၅၀၀ ရှိခြင်း၊ အထူးကြပ်မတ်ကုသဆောင်တွင် ကိုဗစ်-၁၉ လူနာ ၃၅ ရာခိုင်နှုန်း ရှိနေခြင်း၊ ရောဂါစစ်ဆေးမှုများအနက် ရောဂါပိုးတွေ့ရှိမှု ၁၀ ရာခိုင်နှုန်း ရှိခြင်း စသည့်အချက် ၃ ချက်နှင့်ကိုက်ညီပါက ဒေသခံ ၁၀၀၀၀၀ ကျော် နေထိုင်သည့် မက်ဒရစ်မြို့တစ်ဝိုက်ဒေသများတွင် ကန့်သတ်မှုစည်းမျဉ်းများ ချမှတ်ရန်  ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့တွင် စပိန်ဒေသဆိုင်ရာ အစိုးရအဖွဲ့အများစုက မဲပေးခဲ့ကြသည်။


စပိန်ဒေသဆိုင်ရာအစိုးရအဖွဲ့များမှာ  ကျန်းမာရေးစောင့်ရှောက်မှုအတွက် တာဝန်ယူထားခြင်းဖြစ်သည်။ မက်ဒရစ်မြို့တွင် လူဦးရေ ၁၀၀၀၀၀ လျှင် ရောဂါကူးစက်ခံရသူ ၇၈၀ ဦး ရှိနေသည်။


သို့သော် ကန့်သတ် မှုစည်းမျဉ်းများမှာ မည်သည့်အချိန်တွင် စတင်အကျုံးဝင်လာမည်ဖြစ်ကြောင်း တိတိကျကျ မသိရသေးပေ။ ပိတ်ဆို့မှုစည်းမျဉ်းအရ အလုပ်သွားရမည့်သူများ၊ ဆရာဝန်သွားပြမည့်သူများ၊ ဈေးဝယ်မည့်သူများမှလွဲ၍ အခြားသူများကို မက်ဒရစ်မြို့တစ်ဝိုက် နယ်စပ်ကို ဖြတ်သန်းခွင့်ပေးမည်မဟုတ်ပေ။                    


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ