နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပုပ်ရဟန်းမင်းကြီးနှင့် တွေ့ဆုံခွင့်တောင်းသည့် မိုက်ပွမ်ပီယို၏ တောင်းဆိုမှုကို ဗာတီကန်အစိုးရ ပယ်ချ

အောက်တိုဘာ  ၁၊ ရောမ


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုက ပုပ်ရဟန်းမင်းကြီး ဖရန်ဆစ်နှင့် တွေ့ဆုံခွင့်တောင်းခြင်းကို ဗာတီကန်အစိုးရက ငြင်းပယ်ခဲ့သည်။ ပုပ်ရဟန်းမင်းကြီးအနေဖြင့် ရွေးကောက်ပွဲကာလအတွင်း နိုင်ငံရေးသမားများကို လက်ခံတွေ့ဆုံမည်မဟုတ်ကြောင်း ဗာတီကန်အစိုးရအဖွဲ့က ပြောသည်။ အစောပိုင်းတွင် မိုက်ပွမ်ပီယိုက တရုတ်နိုင်ငံ၊ ကက်သလစ်ဘုရားကျောင်းတို့အပေါ် မှတ်ချက်ပေးခဲ့ခြင်းနှင့်ပတ်သက်၍ ဗာတီကန်အစိုးရနှင့် သံတမန်ရေးရာပဋိပက္ခဖြစ်ပွားခဲ့သည်။


ဘုန်းတော်ကြီးများ ခန့်အပ်ရေးနှင့်ပတ်သက်၍ တရုတ်နိုင်ငံနှင့် သဘောတူညီမှု သက်တမ်းတိုးမြှင့်ဖွယ်ရှိသည့် ကက်သလစ်ဘုရားကျောင်းမှာ အခြေခံမူဖြင့် အုပ်ထိန်းသည့်အစဉ်အလာကို စွန့်လွှတ်ရဖွယ် ရှိနေသည်ဟု မိုက်ပွမ်ပီယိုက ယခုလအစောပိုင်းတွင် ပြောခဲ့သည်။
သို့သော် မိုက်ပွမ်ပီယိုမှာ အဆိုပါအကြောင်းအရာကို အသုံးချပြီး လာမည့်နိုဝင်ဘာလတွင် ကျင်းပမည့် အမေရိကန်သမ္မတရွေးကောက်ပွဲ၌ မဲပေးသူများကို ဆွဲဆောင်ရန် ကြိုးပမ်းနေခြင်းဟု ဗာတီကန်အစိုးရအဖွဲ့က စွပ်စွဲခဲ့သည်။


သမ္မတဒေါ်နယ်ထရမ့်မှာ ရှေးရိုးစွဲဘာသာရေးလှုပ်ရှားမှုများ၏ ထောက်ခံအားပေးမှု ရရှိထားသည်။ ပုပ်ရဟန်းမင်းကြီး ဖရန်ဆစ်က လစ်ဘရယ်ဆန်လွန်းသည်ဟု ယူဆသည့် ကွန်ဆာဗေးတစ်ကက်သလစ်ဘာသာဝင်များကလည်း ဒေါ်နယ်ထရမ့်ကို ထောက်ခံအားပေးကြသည်။
၂၀၁၈ ခုနှစ်တွင် တရုတ်ဘုန်းတော်ကြီးများ ခန့်အပ်ရေးနှင့်ပတ်သက်၍ တရုတ်အစိုးရနှင့် ဗာတီကန် အစိုးရကြား သဘောတူစာချုပ် ချုပ်ဆိုခဲ့ပြီး အဆိုပါစာချုပ်ကို အမေရိကန်နှင့် ကက်သလစ်ဘာသာဝင် အချို့က ကန့်ကွက်နေကြသော်လည်း လာမည့်လတွင် သက်တမ်းတိုးမြှင့်ဖွယ်ရှိနေသည်။


ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ရောမမြို့တွင် မိန့်ခွန်းပြောရာ၌ မိုက်ပွမ်ပီယိုက ဗာတီကန်အစိုးရအနေဖြင့် တရုတ်နိုင်ငံတွင် ဘာသာရေး လွတ်လပ်ခွင့်ရရန် ကာကွယ်ပေးသင့်သည်ဟု တိုက်တွန်းခဲ့ပြီး ''တရုတ် နိုင်ငံ ထက်ပိုပြီး ဘာသာရေးလွတ်လပ်ခွင့်ကို တိုက်ခိုက်တဲ့နိုင်ငံမရှိပါဘူး'' ဟု ဆိုခဲ့သည်။                                                                               


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ