နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နာဂါနို-ကရာဘတ်တိုက်ပွဲ အဆုံးသတ်ရေးအတွက် ရုရှားနိုင်ငံတွင် လာရောက်ဆွေးနွေးရန် ဖိတ်ခေါ်

အောက်တိုဘာ  ၁၊ မော်စကို


ပိုင်ဆိုင်မှု အငြင်းပွားနေသည့် နာဂါနို-ကရာဘတ်ဒေသတွင် အဇာဘိုင်ဂျန်နှင့် အာမေးနီးယားတပ်ဖွဲ့များကြား တိုက်ပွဲဖြစ်ပွားမှု အဆုံးသတ်ရေးအတွက် လာရောက်ဆွေးနွေးကြရန် ရုရှားနိုင်ငံက ဖိတ်ခေါ်ထားသည်။ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂိုင်လက်ရော့ဗ်က အာမေးနီးယားနှင့် အဇာဘိုင်ဂျန်အစိုးရအဖွဲ့ ၂ ဖွဲ့လုံးကို ဆွေးနွေးမှုလုပ်ရန် ဖိတ်ခေါ်ထားပြီး စစ်ပွဲဆန်သည့် စကားလုံးသုံးစွဲမှုများကို ရပ်တန့်ရန် တိုက်တွန်းခဲ့သည်။ ပြီးခဲ့သည့်နှစ်များအတွင်း နာဂါနို-ကရာဘတ်ဒေသတွင် အပြင်းထန်ဆုံး တိုက်ပွဲဖြစ်ပွားခဲ့ရာ ပြီးခဲ့သည့်တနင်္ဂနွေနေ့နောက်ပိုင်း လူ ၁၀၀ ကျော် သေဆုံးခဲ့သည်။


နာဂါနို-ကရာဘတ်ဒေသကို အဇာဘိုင်ဂျန်နိုင်ငံပိုင်နက်အဖြစ် နိုင်ငံတကာက အသိအမှတ်ပြုထားသော်လည်း အာမေးနီးယားတိုင်းရင်းသားများက ထိန်းချုပ်ထားသည်။ ဆိုဗီယက်ပြည်ထောင်စုဟောင်းတွင် ပါဝင်ခဲ့သည့် အာမေးနီးယားနှင့် အဇာဘိုင်ဂျန်နိုင်ငံများမှာ နာဂါနို-ကရာဘတ်ဒေသနှင့်ပတ်သက်၍ ၁၉၈၈ ခုနှစ်မှ ၁၉၉၄ ခုနှစ်ကြားကာလအတွင်း စစ်ပွဲဖြစ်ပွားခဲ့သည်။


ယခုဖြစ်ပွားနေသည့် တိုက်ပွဲတွင် ကမ္ဘာ့အင်အားကြီးနိုင်ငံများ ပါဝင်လာမည်ကို စိုးရိမ်ပူပန်လျက်ရှိသည်။ အဆိုပါဖြစ်ရပ်နှင့်ပတ်သက်၍ ရုရှားသမ္မတ ပူတင်က ပြင်သစ်သမ္မတ မက်ခရွန်ကို ဖုန်းဖြင့်ဆက်သွယ် စကားပြောခဲ့သည်။ ရုရှားနိုင်ငံမှာ အာမေးနီးယားနိုင်ငံနှင့် စစ်ဘက်ဆိုင်ရာ မဟာမိတ်ဖြစ်ပြီး အာမေးနီးယားတွင် စစ်တပ်အခြေစိုက်စခန်းရှိသည်။ သို့သော် အဇာဘိုင်ဂျန်အစိုးရနှင့်လည်း ရင်းနှီးသည့်ဆက်ဆံရေး ရှိနေသည်။                                                                                           


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ