ရန်ကုန် ဧပြီ ၂၆ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသော "COVID-19 ရောဂါ မပြန့်ပွားဖို့မိမိကစ၍ကာကွယ်စို့" သတင်းစကားလက်ကမ်းစာစောင်များကို ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အနောက်ပိုင်းခရိုင်၊ လမ်းမတော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ က ပြည်သူများကို COVID-19 ရောဂါကာကွယ်ရေးအတွက် ကျန်းမာရေးအသိများရရှိစေရန် ရည်ရွယ်၍ ဧပြီ ၂၅ ရက်၊ နံနက်ပိုင်းက ယာယီဈေးနှင့် ကားမှတ်တိုင် လမ်းသွား/လမ်းလာပြည်သူများထံ ဖြန့်ဝေပေးခဲ့စဉ်။ ကျော်ဆန်းမြင့်(ပြန်/ဆက်)