နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
‌သက်ကြီးရွယ်အိုများ ပြုစုစောင့်ရှောက်

ရန်ကုန်   စက်တင်ဘာ   ၃၀


ကမ္ဘာတစ်ဝန်းဖွံ့ဖြိုးဆဲနိုင်ငံများတွင် သက်ကြီးရွယ်အိုဦးရေသည် အရှိန်အဟုန်မြှင့် တိုးတက်မြင့်မားနေ သည်။ မြန်မာနိုင်ငံတွင်လည်း သက်ကြီးရွယ်အိုများ လျင်မြန်စွာတိုးတက်လာပြီး သက်ကြီးရွယ်အိုပါဝင်နှုန်း ၂၀၂၀ ပြည့်နှစ်တွင် ၁၀ ဒသမ ၁ ရာခိုင်နှုန်း ဖြစ်လာသည်။ အဘိုး၊ အဘွားများ၏ ဘဝရှေ့ရေးသာယာချမ်းမြေ့မှု ကို စောင့်ရှောက်ကာကွယ်ကူညီတတ်သည့် မြန်မာတို့၏ လူနေမှုဓလေ့စရိုက်အစဉ်အလာများ၊ သက်ကြီးရွယ်အို များကို အလေးထားသော ကူညီစောင့်ရှောက်မှုများသည် မွန်မြတ်သော ပရဟိတလုပ်ငန်းများဖြစ်သည်။ အဘိုး၊ အဘွား၊ မိဘများနှင့် သား၊ သမီး၊ မြေး၊ မြစ်များ အတူတကွ ချစ်ချစ်ခင်ခင် နေထိုင်ခြင်း၊ အဘိုး၊ အဘွား၊ မိဘတို့ကို သား၊ သမီး၊ မြေး၊ မြစ်များက ရိုသေလေးစားခြင်း၊ ကျေးဇူးရှင်များအဖြစ် ဦးထိပ်ပန်ဆင်ခြင်း၊ သားသမီးဝတ် ငါးပါးနှင့်အညီ ကျေးဇူးဆပ်ခြင်း၊ ပြန်လည်ပြုစုစောင့်ရှောက်ခြင်းစသည့် ဓလေ့စရိုက်သည် မြန်မာနိုင်ငံရှိ           တိုင်းရင်းသားပြည်သူများအကြားတွင် ချစ်စရာဓလေ့စရိုက်အဖြစ် ယနေ့တိုင် မယိုင်မလဲ ခိုင်မြဲလျက်ရှိသည်။

သက်ကြီးရွယ်အို၊ အမိ၊ အဖ၊ ဘိုးဘွားတို့ကို ကူညီစောင့်ရှောက်ကြသူများရှိသကဲ့သို့ ဥပေက္ခာပြုထားကြသူ များ၊ ပစ်ပယ်ထားကြသူများ၊ စွန့်ပစ်ထားကြသူများလည်း ရှိနေသည်ကို ကြားသိတွေ့မြင်နေရသည်။ ခိုးကိုးရာမဲ့ အဘိုး၊ အဘွားများအတွက် လူမှုရေးအသင်းအဖွဲ့များနှင့် ကုသိုလ်ပြုစေတနာရှင်များက သက်ကြီးရွယ်အို စောင့်ရှောက်ရေးဂေဟာများ၊ ဘိုး၊ ဘွားရိပ်သာများဖွင့်လှစ်၍ ခိုကိုးရာမဲ့ ဘိုး၊ ဘွားများအား စောင့်ရှောက်ခြင်း  သည် ဘိုးဘွားများအတွက် ဝမ်းမြောက်ဖွယ်ပင်ဖြစ်သည်။ နိုင်ငံတော်သည် အသက် ၈၅ နှစ်အထက် သက်ကြီး ရွယ်အိုများအတွက် လူမှုရေးပင်စင်များကို တစ်လလျှင် ကျပ်တစ်သောင်းဖြင့် ၂၀၁၇-၂၀၁၈ မှာစတင်အကောင် အထည်ဖော်ခဲ့သည်။ အကျိုးခံစားခွင့်ရှိသော သက်ကြီးရွယ်အိုများကို သုံးလတစ်ကြိမ် ၃၀၀၀၀ ကျပ် ထောက်ပံ့ ခြင်းကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်မှ စတင်ထောက်ပံ့ခဲ့သည်။ လက်ရှိ  COVID-19 ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ ဖြစ်ပွားနေသောကာလတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှု ဝန်ထမ်းဦးစီးဌာနအနေဖြင့် အသက်မွေးဝမ်းကျောင်းနှင့် စားနပ်ရိက္ခာဖူလုံရေးရန်ပုံငွေအဖွဲ့နှင့် ပူးပေါင်း၍ လူမှုရေးပင်စင် လက်ရှိခံစားနေသော အကျိုးခံစားခွင့်ရှိသူ သက်ကြီးရွယ်အိုများကို COVID-19 ကာလ ထပ်ဆောင်းထောက်ပံ့ငွေအဖြစ် တစ်ဦးလျှင် ကျပ်သုံးသောင်းနှုန်းဖြင့် ၂၀၂၀ ပြည့်နှစ် ဩဂုတ်လအတွင်း ထောက်ပံ့ခဲ့သည်။ လူမှုဝန်ထမ်းဦးစီးဌာနသည် သက်ဆိုင်ရာဌာနများ၊ နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ပြည်တွင်းအစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ သက်ကြီးရွယ်အိုများ ပြုစု စောင့်ရှောက်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။

ဆင်းရဲနွမ်းပါးပြီး ကိုယ်စိတ်အားငယ်၍ အထီးကျန်ဆန်နေသော ဘိုးဘွားများကို  လိုအပ်ချက်ပိုမိုဖြည့်ဆည်း ပေးနိုင်မည့် စေတနာရှင် လူမှုရေးအဖွဲ့အစည်းများ တိုးတက်ပွားစေချင်ကြောင်း ။       ။






အခြားဆက်စပ်သတင်းများ