နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရိုင်ကိန်းရဲ့ လီဗာပူးကစားဟန် လျော့ရဲတယ်ဆိုတဲ့မှတ်ချက်ကို မခံစားနိုင်တဲ့ နည်းပြကလော့

စက်တင်ဘာ  ၃၀


အင်တာဗျူးဖြေဖို့စောင့်နေတဲ့ ယာဂင်ကလော့က ရိုင်ကိန်းရဲ့အာဆင်နယ်နဲ့ပွဲမှာ လီဗာပူးကစား တာလျော့ရဲတယ်ဆိုတဲ့ မှတ်ချက်စကားကိုကြားလိုက်ရတော့ မိုက်ကတစ်ဆင့် မစ္စတာရိုင်ကိန်းက လီဗာပူးလ်ကစားတာ လျော့ရဲတယ်လို့များပြောလိုက်ပါသလားဆိုပြီး ပြန်လည်မေးခွန်းထုတ်လိုက်ပါတယ်။ လီဗာပူးဟာပွဲကို အစမှအဆုံးထိလွှမ်းမိုးခဲ့ပြီး အမြင့်ဆုံးဖိအားပေးမှုတွေလုပ်ခဲ့တဲ့အသင်းကို ကစားဟန် လျော့ရဲတယ်လို့ ပြောတဲ့ရိုင်ကိန်းကို ယာဂင်က မေးခွန်းပြန်ထုတ်ခဲ့တာပါ။ ဒီပွဲမှာ လီဗာပူးဟာ ညံ့ပါ တယ်လို့ ထောက်ပြစရာမရှိဘူးလို့ ပြန်လည်တုန့်ပြန်ခဲ့ပါတယ်။ Sky Sports နဲ့အင်တာဗျူးလုပ်နေစဉ် ကလော့က “မစ္စတာကိန်းက ငါတို့ကစားဟန်ကို လျော့ရဲတယ်လို့ပြောတာကို ငါကြားလိုက်တာလား၊ သူအဲ့လိုပြောလိုက်တာလား၊ ငါတို့ကစားတာလျော့ရဲတယ်လို့ သူပြောလိုက်တာလား၊ ငါပြန်ကြားချင်ပါတယ်။ သူက ဒီပွဲအတွက် မယုံကြည်နိုင်လောက်တဲ့ညွှန်းဆိုမှုကို လုပ်လိုက်တာပဲ။ လုံးဝမဟုတ်ပါဘူး။ ဒီပွဲက တစ်စက်ကလေးတောင် မသေသပ်ခဲ့ခြင်းမရှိပါဘူး။ ပုံစံကောင်းမှာရှိနေတဲ့ အသင်းတစ်သင်းကို ရင်ဆိုင် ကစားခဲ့ရပြီး ငါတို့လွှမ်းမိုးကစားနိုင်ခဲ့တယ်။ ငရဲကျစေမယ့်အာဆင်နယ်ရဲ့ ကောင်တာတိုက်စစ်တွေကနေ ငါတို့အမိမဖမ်းခံရဖို့ ဂရုတစိုက်ကို ကိုင်တွယ်ခဲ့တာဖြစ်ပါတယ်။ အယ်လီဆန်က တစ်ကြိမ်ကာကွယ်ခဲ့ရတယ်။ အာဆင်နယ်တို့ ငါတို့ခံစစ်ကို ၂ ကြိမ် ကျော်ဖြတ်ပြီးပြေးခဲ့တယ်။ အဲဒါကလွဲရင် ငါတို့ကဒီညမှာ သိပ်ကိုထူးချွန်ပြောင်မြောက်တဲ့ကစားဟန်ကို ကစားခဲ့တာကို ညံ့ပါတယ်လို့ ပြောစရာဘာတစ်ခုမှမရှိပါဘူး။ ရှိခဲ့ရင် ပြိုင်ဘက်အသင်းက လျော့ရဲစွာကစားခဲ့တယ်လို့ပြောနိုင်စရာတစ်ခုပဲရှိတယ်”လို့ ဒဲ့ ပြန်တုန့်ပြန်ခဲ့ပါတယ်။

(SO)






အခြားဆက်စပ်သတင်းများ