နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘီယာကုမ္ပဏီက စပွန်ဆာပေးတိုင်း အကောင်းဆုံးကစားသမားဆု လူငယ်ကစားသမားများ မရနိုင်

စက်တင်ဘာ ၃၀


ဘာစီလိုနာတို့ လာလီဂါမှာ ဗီလာရီးရဲလ်အသင်းကို ၄−၀ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဘာစီလိုနာ တိုက်စစ်မှာ မက်ဆီနဲ့အတူ ဂရစ်ဇ်မန်း၊ အန်ဆုဖာတီနဲ့ ကော်တင်ဟိုတို့ပွဲထွက်ကစားခဲ့ကြပါတယ်။ ပထမပိုင်းမှာပင် ဖာတီဟာ သွင်းဂိုး ၂ ဂိုး သွင်းယူနိုင်ခဲ့တာအပြင် ပင်နယ်တီပြစ်ဒဏ်ဘောရရှိအောင်လဲ စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ၁၇ နှစ်အရွယ် ဖာတီဟာ အယ်လ်ဘာရဲ့ပေးပို့မှု၊ ကော်တင်ဟိုရဲ့ပေးပို့မှုတွေကနေ ဂိုးတွေသွင်းယူနိုင်ခဲ့တာပါ။ ပွဲချိန် ၃၅ မိနစ် ဖာတီကြောင့် ရရှိတဲ့ပင်နယ်တီကို မက်ဆီကသွင်းယူခဲ့ပါ တယ်။ နောက်ဆုံးတစ်ဂိုးကိုတော့ တောရက်စ်ကသွင်းယူခဲ့ပြီး ၄−၀ ရလဒ်နဲ့နိုင်ခဲ့တာပါ။ ဒီပွဲမှာ ဖာတီဟာ အကောင်းဆုံးစွမ်းဆောင်နိုင်သူပါ။ ဒါပေမယ့် အံ့သြစရာကောင်းတဲ့ အကြောင်းပြချက်တစ်ခုကြောင့် ဖာတီပွဲစဉ် ရဲ့အကောင်းဆုံးဆုကို ဖာတီမရရှိခဲ့ပါ။ ဖာတီဟာအသက်မပြည့်သေးတဲ့ လူငယ်တစ်ဦးဖြစ်တာကြောင့် ဘီယာကုမ္ပဏီက စပွန်ဆာပေးထားတဲ့ King of the Match ဆုကို လွဲချော်ခဲ့ရပါတယ်။ ဒါကြောင့် ဒီဆုကို ဂျော်ဒီအယ်ဘာက ရရှိသွားပါတယ်။ ဒီပွဲက ခြေစွမ်းမျိုးဆက်လက်ပြသနိုင်ခဲ့ရင်တော့ ဖာတီဟာ ကစားသမားတစ်လျှောက်မှာ King of the Match ဆု အကြိမ်များစွာရရှိမှာပါ။ ၂၀၁၈ ခုနှစ်တုန်းကလည်း ဒေါ့မွန်ကွင်း လယ်လူပူလီဆစ်ဟာ လီဗာပူးဘက်ကို ၂ ဂိုးသွင်းပြီး ပွဲစဉ်ရဲ့အကောင်းဆုံးဆုရရှိသင့်ပေမယ့် ပူလီဆစ်ဟာ အသက် ၂၁ နှစ်မပြည့်သေးတာကြောင့် Heiniken ဘီယာကုမ္ပဏီကစပွန်စာပေးတဲ့ (Mam of the match)ဆုကို မရရှိခဲ့ပါဘူး။ နောက်ဆိုရင်ကစားသမားတိုင်း စွမ်းဆောင်ရည်ကောင်းပြခဲ့ရင် လူငယ်၊ လူကြီးမရွေးဒီဆုကို ပိုင်ဆိုင်နိုင်ဖို့အတွက် ဘီယာကုမ္ပဏီများကို စပွန်ဆာမပေးဖို့ လိုမယ်ထင်ပါတယ်။   

(SO)






အခြားဆက်စပ်သတင်းများ