နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တူရကီတိုက်လေယာဉ်က အာမေးနီးယားတိုက်လေယာဉ်တစ်စင်းကို ပစ်ချခဲ့ဟု ဆို

စက်တင်ဘာ ၃၀၊ ယီရီဗန်


ပိုင်ဆိုင်မှု အငြင်းပွားနေသည့် နာဂါနို-ကာရာဘတ်ဒေသ ပဋိပက္ခတွင် တိုက်ပွဲများပြင်းထန်လျက်ရှိရာ ယင်းတို့၏ တိုက်လေယာဉ်တစ်စင်းကို တူရကီတိုက်လေယာဉ်က ပစ်ချခဲ့သည်ဟု အာမေးနီးယားနိုင်ငံက ပြောသည်။ အာမေးနီးယားလေပိုင်နက်အတွင်း တူရကီနိုင်ငံ၏ F-16 တိုက်လေယာဉ်က ပစ်ချခဲ့ခြင်းကြောင့် ဆိုဗီယက်ထုတ် SU-25 တိုက်လေယာဉ်၏ လေယာဉ်မှူး သေဆုံးခဲ့ကြောင်း အာမေးနီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။


နာဂါနို-ကာရာဘတ် ပဋိပက္ခတွင် အဇာဘိုင်ဂျန်နိုင်ငံကို ထောက်ခံသည့် တူရကီနိုင်ငံက အာမေးနီးယားနိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောကြားချက်ကို ငြင်းဆန်ထားသည်။ ပိုင်ဆိုင်မှု အငြင်းပွားနေသည့် တောင်တန်းဒေသတွင် သုံးရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ချိန်အတွင်း အရပ်သားများအပါအဝင် လူ ၁၀၀ နီးပါး သေဆုံးခဲ့သည်။


အဆိုပါပိုင်နက်ကို အဇာဘိုင်ဂျန်နိုင်ငံ၏ နယ်မြေ တစ်စိတ်တစ်ပိုင်းဟု နိုင်ငံတကာက သတ်မှတ်ထားသော်လည်း ၁၉၈၈-၁၉၉၄ စစ်ပွဲပြီးဆုံးချိန်ကတည်းက အာမေးနီးယားတိုင်းရင်းသားများက ထိန်းချုပ်ထားခြင်းဖြစ်သည်။ ယင်းတို့လေတပ်တွင် F-16 တိုက်လေယာဉ်များ မရှိဟု အဇာဘိုင်ဂျန်နိုင်ငံက ထပ်ဖန်တလဲလဲ ထုတ်ပြန်ခဲ့ဖူးသည်။ သို့သော် တူရကီနိုင်ငံမှာ F-16 တိုက်လေယာဉ်များ ပိုင်ဆိုင်သည့်နိုင်ငံ ဖြစ်သည်။         

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ