နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Realme ၏ စမတ်တီဗီသစ် မိတ်ဆက်

စက်တင်ဘာ   ၂၉


Realme သည် SLED display နည်းပညာကို ပထမဆုံး မိတ်ဆက်လိုက်သည့် ကုမ္ပဏီဖြစ်လာပြီး Quantum Dot base dispay (QLED) နည်းပညာအမျိုးအစားတစ်ခုဟုလည်း ပြောနိုင်သည်။ အဆိုပါ နည်းပညာသည် LCD panel များနှင့် Backlight အသုံးပြုခြင်းများ ကွာခြားသွားသည်။ 

LCD သည် နောက်ခံအလင်း Backlight အဖြူအသုံးပြုသည်။ SLED တွင် Backlight ကို RGB filter ဟုခေါ်သည့် အနီ၊ အစိမ်းနှင့် အပြာရောင် LED များ အသုံးပြုပြီး ပိုလာရိုက်ဇ်အလင်းစစ်ထုတ်သည့် polarizer နှင့် သလင်းရည်အကြည်သား အလွှာတစ်ခုပါရှိသည်။ SLED သည် OLED panel ဖြင့်လည်း ကွာခြားသည်။

OLED က အပြာရောင်နောက်ခံ အလင်းပါရှိပြီး အပြာအလင်းကို စုပ်ယူရန် Quantum dots များ အသုံးပြုထားပြီး အနီ (သို့မဟုတ်) အစိမ်းရောင်များ ပြန်ထုတ်ပေးထားသည်။ LCD အလွှာတစ်ခုမှ pixel တစ်ချင်းစီကနေ ဖြတ်ဝင်လာသည့် အလင်းပမာဏကို ထိန်းညှိခြင်းဖြစ်သည်။ Realme ၏ သရုပ်ပြ ထားသည့် တီဗီသည် ၅၅ လက်မ စမတ်တီဗီဖြစ်ပြီး NTSC ကာလာရောင်စဉ်တန်းကို ၁၀၈ ရာခိုင်နှုန်း လွှမ်းခြုံနိုင်သည်။ Bluelight ထိန်းချုပ်မှုပါရှိပြီး TUV Rheinland ထောက်ခံချက်လည်း ရရှိထားကြောင်း ကုမ္ပဏီက ပြောထားသည်။ SLED နည်းပညာသည် QLED မှာထက် blue light ပြဿနာကို ပိုကောင်းအောင် ဖြေရှင်းနိုင်မည်ဟု ကုမ္ပဏီကပြောထားသည်။  ပြိုင်ဘက်စမတ်တီဗီကုမ္ပဏီများဖြစ်သည့် Samsung နှင့် OnePlus တို့သည် အိန္ဒိယဈေးကွက်တွင် QLED smart TV များ မိတ်ဆက်ထားသကဲ့သို့ Realme ကလည်း အမိုက်စား စမတ်တီဗီသစ်ကို ထုတ်လုပ်မိတ်ဆက်သွားနိုင်ရန် စီစဉ်နေသည်။                                     

(WP)






အခြားဆက်စပ်သတင်းများ