နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အိမ်တွင်းလုံခြုံရေးကင်မရာ Ring Always Home Cam ကို ကြေညာ

စက်တင်ဘာ   ၂၉


Ring က အိမ်တွင်းလုံခြုံရေးကင်မရာတစ်ခုဖြစ်သည့် Ring Always Home Cam ကို ကြေညာလာသည်။ ယင်းကင်မရာက ဒရုန်းတစ်မျိုးဖြစ်ပြီး နေအိမ်အတွင်းမှာ ပျံသန်းပြီး အိမ်တွင်းလုံခြုံရေးကို လုပ်ဆောင်ပေး သွားမည်ဖြစ်သည်။

Always Home Cam က ဒရုန်းငယ်တစ်ခုဖြစ်ပြီး ကင်မရာတစ်ခု ပါဝင်ကာ 1080p ဗီဒီယိုရိုက်ကူးနိုင်သည်။ Ring Alarm System ပါဝင်ပြီး အသုံးပြုသူ အိမ်မှာမရှိစဉ်အတွင်း တံခါးပိတ်ခြင်း၊ အခန်းတွင်း ထောင့်တိုင်းကို စစ်ဆေးခြင်းတို့ကို စမတ်ဖုန်းဖြင့် ထိန်းချုပ်အသုံးပြုနိုင်မည်ဖြစ်သည်။ ထို့အပြင် အခြားစမတ် Device ဖြင့် လည်း ချိတ်ဆက်အသုံးပြုနိုင်မည်ဖြစ်သည်။

ဒရုန်းငယ်က Base မှ ထွက်ခွာပြီး နေအိမ်လုံခြုံရေးကို စောင့်ကြည့်ပြီးနောက် Base သို့ ပြန်လာမည်ဖြစ်ပြီး Base မှာပဲ တစ်ပါတည်း အားသွင်းနိုင်မည်ဖြစ်သည်။ Always Home Cam ကို ဈေးနှုန်းအနေဖြင့် ၂၄၉ ဒသမ ၉၉ ဒေါ်လာ သတ်မှတ်ထားကြောင်း သိရသည်။

(သူရိန်)






အခြားဆက်စပ်သတင်းများ