နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Facebook က သတင်းမှားအသိပေးစာကို မြန်မာဘာသာဖြင့် ဖော်ပြနိုင်ရန်စီစဉ်

စက်တင်ဘာ   ၂၉


Facebook က အန္တရာယ်ရှိသတင်းမှားပြဿနာဖြေရှင်းရေးအတွက် ကမ္ဘာအရပ်ရပ်တွင် ကြားခံ အချက်အလက်စစ်ဆေးသည့် Fact-Checkers များဖြင့် လက်တွဲလုပ်ဆောင်နေပြီး နိုင်ငံတကာ အချက်အလက်စစ်ဆေးရေးကွန်ရက် IFCN ထောက်ခံချက်ရထားသည့် မြန်မာနိုင်ငံမှ မိတ်ဖက်လုပ်ငန်း ၃ ခု လည်း ပါဝင်ကြောင်း ထုတ်ပြန်ထားသည်။

ပြည်တွင်းမှ မိတ်ဖက်အချက်အလက်စစ်ဆေးရေး အဖွဲ့အစည်း ၃ ခုဖြင့် လက်တွဲပြီး Facebook အသုံးပြုသူများ မြင်နေရသည့် အကြောင်းအရာများနှင့်သက်ဆိုင်သည့် နောက်ခံအချက်အလက်များကို ထပ်ဆောင်းပေးသွားနိုင်ရန် လုပ်ဆောင်နေကြောင်း FB ကပြောထားသည်။ 

အချက်အလက်နှင့် သတင်းမှားဖြစ်ကြောင်း စစ်ဆေးထားသည့်အကြောင်းအရာတစ်ခုကို တွေ့မြင်သူများ သည် screen တွင် အဆိုပါသတင်းမှားကြောင်း အသိပေးထားသည့် စာကို မြင်တွေ့နိုင်အောင်လည်း လုပ်ထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သတင်းမှား အသိပေးစာကို မြန်မာဘာသာဖြင့် ဖော်ပြနိုင်အောင် တိုးမြှင့်လုပ်ဆောင်နေသည်။ ထုတ်ပြန်ချက်သစ်တွင် မြန်မာဘာသာဖြင့် သတင်းမှားဖြစ်ကြောင်း အသိပေးချက်လုပ်ခြင်းအပါအဝင် အမုန်းစကားပျံ့နှံ့မှု လျှော့ချရေး၊ လူမှုကွန်ရက်စံ ထပ်ခါတလဲလဲ ချိုးဖောက်သူများ၏ အကြောင်းအရာ လျှောချ့ခြင်း၊ တရားဝင် မဲပေးခြင်းဆိုင်ရာ အချက်အလက်များလမ်းညွှန်ခြင်းနှင့် ပြည်တွင်း ဒီဂျစ်တယ် တတ်ကျွမ်းမှုဆိုင်ရာ လေ့ကျင့်ပေးခြင်းများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း fb က ဖော်ပြထားသည်။


(WP)






အခြားဆက်စပ်သတင်းများ