နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မိဘတစ်ဦး၏ စောဒကတက်မှုကြောင့် ပြင်သစ်နိုင်ငံ၏ တက်တူးအများဆုံး အမျိုးသား မူကြိုကျောင်းတွင် စာသင်ခွင့်ဆုံးရှုံး

စက်တင်ဘာ ၂၉၊ ပါရီ


မိဘတစ်ဦးက ယင်း၏ရုပ်ဆင်းသွင်ပြင်နှင့်ပတ်သက်၍ စောဒကတက်ခဲ့ပြီးနောက် မူကြိုကျောင်းတွင် စာသင်ခွင့် ဆုံးရှုံးခဲ့ကြောင်း ပြင်သစ်နိုင်ငံ၏ တက်တူးအများဆုံး အမျိုးသားတစ်ဦးက ပြောသည်။ ဆိုင်ဗိန်းဟီလိုင်းမှာ ယင်း၏ခန္ဓာကိုယ်၊ မျက်နှာနှင့် လျှာတွင် တက်တူးများ ထိုးထားသည့်အပြင် မျက်လုံးကိုလည်း အနက်ရောင်ဖြစ်အောင် မှင်ဖြင့်ခြယ်သထားသည်။


ယင်း၏ ရုပ်ဆင်းသွင်ပြင်ကို စောဒကတက်ခဲ့သည့် မိဘမှာ ယင်း၏အတန်းမှာ ကျောင်းသား၏ မိဘမဟုတ်ကြောင်း၊ ယင်း၏အတန်းမှ တပည့်များမှာ အကြောင်းသိသူများဖြစ်၍ ယင်း၏ ရုပ်ဆင်းသွင်ပြင်နှင့်ပတ်သက်၍ ပြဿနာမရှိကြောင်း ဟီလိုင်းက ပြောသည်။


အသက် ၃၅ နှစ်ရှိသည့် ဟီလိုင်းမှာ ပြင်သစ်နိုင်ငံမြို့တော် ပါရီမြို့အနီးရှိ ပါလိုင်ဆောမြို့ရှိ ကျောင်းတွင် စာသင်ပေးနေသူဖြစ်သည်။ ပြီးခဲ့သည့်နှစ်တွင် သုံးနှစ်အရွယ် ကလေးတစ်ဦးက ဟီလိုင်းကို မြင်တွေ့ခဲ့ပြီးနောက် အိပ်မက်ဆိုးမက်ခဲ့သည်ဟု ယင်း၏မိဘများကို ပြောခဲ့ရာ မိဘများက စာသင်ကျောင်းကို စောဒကတက်ခဲ့သည်။


ဟီလိုင်းမှာ နာရီ ၄၆၀ ကြာ တက်တူးထိုးခဲ့ပြီး မျက်လုံးကို ဆေးအနက် ခြယ်သရန် ပြင်သစ်နိုင်ငံတွင် တရားဝင်လုပ်ပိုင်ခွင့်မရှိ၍ ဆွစ်ဇာလန်နိုင်ငံသို့ သွားရောက်ခဲ့သူဖြစ်သည်။ ဟီလိုင်းမှာ မူကြိုကလေးများကို စာသင်ခွင့်မရှိသော်လည်း အသက် ၆ နှစ်နှင့်အထက် အရွယ်ရှိသည့် မူလတန်းကျောင်းသား၊ ကျောင်းသူများကို ပညာသင်ကြားနေဆဲဖြစ်သည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ