နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဓားစာခံအဖြစ် ဖမ်းဆီးမှုဖြစ်ရပ်တွင် လူအများအပြား သေဆုံး

စက်တင်ဘာ ၂၉၊ ဝါရှင်တန်


ပြီးခဲ့သည့်တနင်္လာနေ့ မွန်းလွဲပိုင်းက အော်ရီဂွန်ပြည်နယ် ဆာလမ်မြို့တွင် ဓားစာခံအဖြစ် ဖမ်းဆီးမှု ဖြစ်ပွားခဲ့ပြီး လူအများအပြား သေဆုံးခဲ့သည်ဟု အရာရှိများက ပြောသည်။ ပြီးခဲ့သည့်တနင်္လာနေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန်က Juneva Place SE လမ်းတွင် ဓားခံအဖြစ် ဖမ်းဆီးခံထားရဖွယ်ရှိသည်ဟု ဖုန်းခေါ်ဆိုမှု ရရှိခဲ့၍ မာရီယွန်ကောင်တီ တရားဥပဒေစိုးမိုးရေးရုံးမှ အရာရှိများက တုံ့ပြန်လှုပ်ရှားခဲ့သည်။


ဓားစာခံအဖြစ် ဖမ်းဆီးခံရသည့်ဖြစ်ရပ်များကို စေ့စပ်ညှိနှိုင်းရန် လေ့ကျင့်သင်ကြားပေးထားသူကို ခေါ်ယူခဲ့ပြီး သံသယဖြစ်သူကို ဖုန်းဆက်ဆွေးနွေးခိုင်းခဲ့သော်လည်း ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ခြင်းဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


''အခုမတော်တဆဖြစ်ရပ်မှာ သံသယရှိသူအပါအဝင် သေဆုံးသူ တော်တော်များများ ရှိခဲ့ပါတယ်''ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ အော်ရီဂွန်ပြည်နယ်ရဲတပ်ဖွဲ့က ပစ်ခတ်မှုကို စုံစမ်းစစ်ဆေးလျက်ရှိသည်။ စုံစမ်းစစ်ဆေးနေချိန်အတွင်း ပစ်ခတ်မှုတွင် ပါဝင်ခဲ့သည့် ရဲအရာရှိများကို တာဝန်မှ အနားပေးထားမည်ဖြစ်သည်။ အဆိုပါပစ်ခတ်မှုတွင် ရဲအရာရှိတစ်ဦးမှ ထိခိုက်ဒဏ်ရာရခဲ့ခြင်းမရှိပေ။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ