နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မူလတန်းကျောင်းသား၊ ကျောင်းသူ ၂၅ ဦးကို အဆိပ်ခပ်ခဲ့သည့် ဆရာမကို သေဒဏ်ချမှတ်

စက်တင်ဘာ ၂၉၊ ဘေဂျင်း


မူလတန်းကျောင်းသား၊ ကျောင်းသူ  ၂၅ ဦးကို အဆိပ်ခပ်ခဲ့သည့် တရုတ်နိုင်ငံမှ ကျောင်းဆရာမကို သေဒဏ်ချမှတ်လိုက်ကြောင်း တရုတ်နိုင်ငံပိုင်မီဒီယာက ဖော်ပြသည်။ ပြီးခဲ့သည့်နှစ်က ကျောက်ဇိုးမြို့ မူလတန်းကျောင်းမှ ကလေးငယ်များမှာ နံနက်ခင်း ဆန်ပြုတ်စားပြီးနောက် မူးဝေ၊ အော့အန်သည့်ဝေဒနာခံစားခဲ့ရ၍ ဆေးရုံပို့ခဲ့ရပြီးနောက် ဆရာမ ဝမ်ယန်ကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။


ဝမ်ယန်သည် လုပ်ဖော်ကိုင်ဖက် ဆရာမတစ်ဦးနှင့် စကားများ ရန်ဖြစ်ခဲ့ပြီးနောက် ယင်း၏အတန်းထဲမှ ကလေးငယ်များ၏ နံနက်စာဆန်ပြုတ်တွင် ဆိုဒီယမ်နိုက်ထရိတ်အမှုန့်များ ဖြူးခဲ့ခြင်းဟု တရားရုံးက ကြားနာခဲ့သည်။ ဝမ်ယန်၏လုပ်ရပ်မှာ စက်ဆုပ်ရွံရှာစရာကောင်းပြီး ယုတ်မာရက်စက်လွန်းသည်ဟု တရားရုံးက မှတ်ချက်ပေးခဲ့သည်။


၂၀၁၉ ခုနှစ်၊ မတ်လ ၂၇ ရက်က ဖြစ်ပွားခဲ့သည့် အဆိုပါဖြစ်ရပ်မှာ တရုတ်နိုင်ငံကို တုန်လှုပ်စေခဲ့ပြီး ကမ္ဘာ့သတင်းစာမျက်နှာများတွင် ခေါင်းကြီးသတင်း ဖြစ်ခဲ့သည်။ အဆိုပါဖြစ်ရပ်ကြောင့် ကလေးငယ်တစ်ဦး သေဆုံးခဲ့သည်ဟု ဆိုသည်။


အသားများကို အခြောက်လှန်းရာတွင် အသုံးပြုလေ့ရှိသော်လည်း ပမာဏအများအပြား စားမိပါက အဆိပ်သင့်စေသည်။ ဝမ်ယန်သည် ယခင်ကလည်း အွန်လိုင်းပေါ်မှတစ်ဆင့် ဆိုဒီယက်နိုက်ထရိတ် ဝယ်ယူပြီး ခင်ပွန်းဖြစ်သူကို အဆိပ်ခပ်ခဲ့ဖူးသည်ဟု တရားရုံးက ကြားနာခဲ့သည်။


တရုတ်အစိုးရက လူမည်မျှကို ကွပ်မျက်ခဲ့ကြောင်း ထုတ်ဖော်ပြောကြားခြင်းမရှိသော်လည်း တရုတ်နိုင်ငံတွင် နှစ်စဉ်နှစ်တိုင်း လူထောင်ပေါင်းများစွာကို ကွပ်မျက်လေ့ရှိသည်ဟု လူ့အခွင့်အရေးအဖွဲ့များက ယုံကြည်ထားသည်။ ရာဇဝတ်သားများကို ကွပ်မျက်ရာတွင် ဆေးထိုးခြင်း၊ လက်မရွံ့တပ်ဖွဲ့ကို ပစ်ခတ်ခိုင်းခြင်းများ ပြုလုပ်လေ့ရှိသည်ဟု ဆိုသည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ