နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နှလုံးသွေးကြောရောဂါ သတိပြုစရာ

စက်တင်ဘာ  ၂၉


လူတို့၏ နေထိုင်စားသောက်မှုပုံစံများ ပြောင်းလဲလာသည်နှင့်အမျှ အဖြစ်အများဆုံးရောဂါများတွင် နှလုံးရောဂါ ပါဝင်လာသည်။ နှလုံးသွေးကြောကျဉ်းရောဂါ၊ ရုတ်တရက်နှလုံးဖောက်ပြန်မှုရောဂါ စသည့် နှလုံးရောဂါများသည် လူကိုအန္တရာယ်ပြုစေနိုင်သောရောဂါများပင်ဖြစ်သည်။ နှလုံးသွေးကြောပိတ်ရောဂါသည် မြန်မာနိုင်ငံတွင် အမျိုးသား၊ အမျိုးသမီးများအတွက် တတိယသေဆုံးမှုအများဆုံးရောဂါဖြစ်ပြီး ကမ္ဘာပေါ်တွင် လေဖြတ်ခြင်းနှင့် နှလုံးရောဂါကြောင့် တစ်နှစ်လျှင် ၁၈ သန်းခန့် သေဆုံးနေသည်။ ၂၀၃၀ ပြည့်နှစ်တွင် သေဆုံးမှုနှုန်း ၂၃ သန်းခန့်ရှိလာနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ခန့်မှန်းထားသည်။

နှလုံးသွေးကြောပိတ်ခြင်းသည် နှလုံးသို့သွားသောသွေးကြောအတွင်း အဆီအခဲများပိတ်ခြင်းကြောင့် ဖြစ်ပြီး ပိတ်သွာသောသွေးကြော အမြန်မဖွင့်နိုင်ပါက ယင်းသွေကြောမှထောက်ပံ့နေသော နှလုံးကြွက်သား တစ်စိတ်တစ်ပိုင်း သေသွားသည်။ ကုသမှုမရဘဲ အချိန်ကြာလေ နှလုံးကြွက်သားပျက်စီးမှု ပိုများလေဖြစ်ပေ သည်။ အမြန်ဆုံး သွေးကြောပွင့်စေရန် ကုသမှုလိုအပ်သည်။ ကမ္ဘာပေါ်တွင် ရုတ်တရက်နှလုံးဖောက်ပြန်မှု ကြောင့် သေဆုံးရသူဦးရေသည် ၁၇ ဒသမ ၃ သန်းကျော်ရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ ထုတ်ပြန်ချက် အရ သိရသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ရည်မှန်းချက်ဖြစ်သော ၂၀၂၅ ခုနှစ်တွင် နှလုံးသွေးကြောရောဂါ ကြောင့် အရွယ်မတိုင်မီသေဆုံးရခြင်းကို ၂၅ ရာခိုင်နှုန်း လျှော့ချရန် ကျန်းမာရေးအဖွဲ့အစည်းအသီးသီးက ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

ရုတ်တရက်နှလုံးဖောက်ပြန်မှုရောဂါကြောင့် သေဆုံးရခြင်း၏ အဓိကအကြောင်းရင်းမှာ ရောဂါကြိုတင် မသိရှိခြင်း၊ ရောဂါရှိကြောင်းသိသော်လည်း ပေါ့ပေါ့တန်တန် နေထိုင်စားသောက်နေခြင်း၊ ကျန်းမာရေးစစ်ဆေးမှု အားနည်းခြင်း၊ နှလုံးရောဂါနှင့်ပတ်သက်၍ ရှောင်ရန်၊ ဆောင်ရန်များကို လျစ်လျူရှုထားခြင်း စသည်တို့ကြောင့် ဖြစ်သည်။ နှလုံးရောဂါသည် ဖြစ်ပြီဆိုလျှင် ကုသရန်ခက်ခဲလှသည်။

လူတို့အနေဖြင့် နှလုံးရောဂါဖြစ်ပွားမှုကို ကာကွယ်နိုင်ရန်အတွက် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များကို များများစားသုံးခြင်း၊ အငန်၊ အချို၊ အဆီအဆိမ့်များလျှော့၍စားသုံးခြင်း၊ အရက်နှင့်ဆေးလိပ်သောက်သုံးမှု ရှောင်ကြဉ်ခြင်း၊ အဝလွန်မှုကိုဂရုပြုကာကွယ်ထိန်းသိမ်းခြင်း၊ ပုံမှန်လေ့ကျင့်ခန်းတစ်ခုပြုလုပ်ခြင်း စသည်တို့ကို လိုက်နာဆောင်ရွက်သင့်ပေသည်။ သို့ဖြစ်ရာ လူတို့အနေဖြင့် နှလုံးရောဂါကြောင့်သေဆုံးရခြင်းမှ ကင်းဝေးစေရန် "ကာကွယ်ခြင်းသည် ကုသခြင်းထက် ထိရောက်သည်"ဆိုသည့်စကားအတိုင်း အနေအထိုင် အစားအသောက် တို့ကို သတိပြုစားသောက်နေထိုင်သင့်ပေသည်။

နှလုံးအန္တရာယ်ကို လူတစ်ဦးချင်း၊ အိမ်ထောင်စုတစ်စုချင်းက ကြိုးပမ်းဆောင်ရွက်မှ ကျန်းမာသော လူ့အသိုင်းအဝိုင်းတစ်ခုကို ဖန်တီးနိုင်မည်ဖြစ်ပါကြောင်း  . . . . . ။          ။






အခြားဆက်စပ်သတင်းများ