နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စင်ကာပူ၊ ဗန်ကောက် သုဝဏ္ဏဘူမိ ၊ နယူးဒေလီ မြို့များ သို့ Relief Flight များ ပျံသန်းပေးနိုင်ရေးအတွက် သက်ဆိုင်ရာနိုင်ငံ မြန်မာနိုင်ငံသံရုံးများ ညှိနှိုင်း၍ Relief Flight များကို အမြန်ဆုံး ပျံသန်းပေးသွားမည်

ရန်ကုန် ဧပြီ ၂၆ စင်ကာပူ၊ ဗန်ကောက်သုဝဏ္ဏဘူမိ၊ နယူးဒေလီမြို့များသို့ Relief Flight များ ပျံသန်းပေးနိုင်ရေးအတွက် သက်ဆိုင်ရာမြန်မာနိုင်ငံသံရုံးများညှိနှိုင်း၍ Relief Flight များကို အမြန်ဆုံး ပျံသန်းပေးသွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနသတင်းများအရသိရသည်။ Corona Virus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ ဒုတိယအကြိမ်ညှိနှိုင်းအစည်း အဝေးအား ၂၀၂၀ ပြည့်နှစ် ဧပြီ ၂၃ ရက်တွင် ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအစည်းအဝေး၏ Relief Flight များ ပျံသန်းပေးမည့် ကိစ္စရပ်များနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်အရ စင်ကာပူ၊ ဗန်ကောက်သုဝဏ္ဏဘူမိ၊ နယူးဒေလီမြို့များသို့ သက်ဆိုင်ရာနိုင်ငံ၊ မြန်မာနိုင်ငံသံရုံးများညှိနှိုင်း၍ Relief Flight များကို အမြန်ဆုံး ပျံသန်းပေးသွားမည်ဖြစ်သည်။ ထို့ကြောင့် ပျံသန်းပေးမည့်နေ့ရက်နှင့် အချိန် အယောက်ရေများကို ညှိနှိုင်းဆောင်ရွက် သွားမည်ဖြစ် သည်။ ထိုသို့ပျံသန်းပေးမည့်နေ့ရက် အချိန်၊ ခေါက်ရေများကို ညှိနှိုင်းပြီးစီးပါက အချိန်နှင့်တစ်ပြေးညီကြေညာ ပေးသွားမည်ဖြစ်သည်။ ထို့ကြောင့်ခရီးသည်များအနေဖြင့် သက်ဆိုင်ရာ မြန်မာနိုင်ငံသံရုံးများနှင့် ဆက်သွယ် ဆောင်ရွက်ပေးကြပါရန် အသိပေးထုတ်ပြန်ပေးခြင်းဖြစ်ကြောင်း သိရသည်။ လက်ရှိအချိန်တွင် စင်ကာပူနိုင်ငံ၌ COVID-19 ရောဂါ ပြန့်ပွားမှုအား ထိန်းချုပ်ရန် လုပ်ဆောင်ထားသော Circuit Breaker ကာလအား ၂၀၂၀ ပြည့်နှစ် ဇွန် ၁ ရက်အထိ ထပ်မံတိုးမြှင့်ဆောင်ရွက်လျက်ရှိသည်။ ထို့ကြောင့် မြန်မာအမျိုးသားလေကြောင်းလိုင်း၏ စင်ကာပူခရီးစဉ်များကို ၂၀၂၀ ပြည့်နှစ် ဇွန် ၁ ရက်အထိ ဖျက်သိမ်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာပေးခဲ့သည်။ ထို့ကြောင့် အဆိုပါခရီးစဉ်များနှင့်ပတ်သက်၍ ဝယ်ယူထားသော လေယာဉ်လက်မှတ်များအား Full Refund နှင့် Free Date Change ပြုလုပ်ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။ ထိုသို့ဆောင်ရွက်ပေးရာတွင် Agent မှတစ်ဆင့်ဝယ်ယူထားသော ခရီးသည်များအနေဖြင့် အဆိုပါလက်မှတ်ဝယ်ယူခဲ့သည့် Agent မှ တစ်ဆင့် Refund ပြန်လည်ထုတ်ယူနိုင်ပြီး Website မှ ဝယ်ယူထားပါက Contactus@flymna.com သို့ Email ပေးပို့၍ Refund ပြန်လည်ရယူနိုင်သည်ဟု ဆိုသည်။ အသေးစိတ်အချက်အလက်များကို MNA Call Center +၉၅၁၃၇၈၆၀၃ -ဝ၄မှ-ဝ၆-ဝ၇ နှင့် ဝ၉ သို့ဖြစ်စေ၊ +၉၅၁ ၃၇၇၈၄၀မှ၄၁-၄၂ သို့ ဆက်သွယ်စုံစမ်းမေး မြန်းနိုင်ကြောင်း သိရသည်။ ကိုသစ္စာလှိုင်






အခြားဆက်စပ်သတင်းများ