နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အန်ဆုဖာတီရဲ့ တိုးတက်မှုတွေကို ချီးကျူးစကားဆိုလိုက်တဲ့ နည်းပြ ရော်နယ်ကိုးမန်း

စက်တင်ဘာ  ၂၉


ဘာစီလိုနာနည်းပြ ရော်နယ်ကိုးမန်းက အသက် ၁၇ နှစ်အရွယ်ကြယ်ပွင့် အန်ဆုဖာတီက ဘာစီလိုနာအသင်းအတွက် ဒီရာသီမှာ အဓိက အခန်းကဏ္ဍကနေ ပါဝင်ကစားနိုင်မယ်လို့ မျှော်လင့်နေပါတယ်။ ဆယ်ကျော်သက်ကစားသမားဟာ ဘာစီလိုနာအသင်းအတွက် ပြီးခဲ့တဲ့ရာသီကတည်းက ပွဲထွက်ကစားခွင့်ရလာပြီး ဂိုးတွေသွင်းပြီး ခြေစွမ်းပြထားသူ ဖြစ်ပါတယ်။

သို့သော်လည်း ဘာစီလိုနာနည်းပြသစ် ရော်နယ်ကိုးမန်းက လူငယ်ကြယ်ပွင့်နဲ့ပတ်သက်ပြီး စိတ်အေးလက်အေးထားရန် ပြောသွားခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ တနင်္ဂနွေနေ့ညက ဗီလာရီးရဲလ်အသင်းကို (၄-ဝ) နဲ့ ဂိုးပြတ်အနိုင်ရခဲ့ပြီး အန်ဆုဖာတီက (၂) ဂိုးသွင်းပေးခဲ့တာဖြစ်ပါတယ်။

“အန်ဆုက လူငယ်ကစားသမားတစ်ယောက်ဖြစ်ပြီး သူ့ရဲ့ စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး ကျွန်တော်တို့ စူးစမ်းရှာဖွေနေပါတယ်။ သူ့မှာ ကြီးမားတဲ့ အနာဂတ်တစ်ခုရှိပြီး ဗီလာရီးရဲလ်နဲ့ပွဲက သူ့ရဲ့ခြေစွမ်းကို ပျော်ရွှင်မိပါတယ်။ သူက အများကြီးတိုးတက်လာမှာ ဖြစ်ပါတယ်။ သူ့တန်ဖိုးကို သူကိုယ်တိုင် သက်သေပြနေပြီး ဆက်ပြီးတိုးတက်မယ်လို့ ကျွန်တော်တို့ ယုံကြည်ချက်ရှိပါတယ်”လို့ ရော်နယ်ကိုးမန်းက ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောသွားခဲ့ပါတယ်။

(သူရိန်)






အခြားဆက်စပ်သတင်းများ