နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဒိုင်ဗင်ပစ်တဲ့ ကစားသမားလို့ ဝေဖန်ခံနေရတဲ့ ဖာနန်ဒက်စ်

စက်တင်ဘာ  ၂၉


ဘရူနိုဖာနန်ဒက်စ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ အပြောင်းအရွှေ့ချိန်မှ မန်ယူကိုရောက်ရှိလာသူပါ။ ဒါပေမယ့် ၂၀၁၉−၂၀၂၀ ဘောလုံးရာသီ မန်ယူရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကိုရရှိထားသူလည်းဖြစ်ပါ တယ်။ မန်ယူကိုရောက်ပြီး ခြေစွမ်းကောင်းတွေပြသနိုင်သူဖြစ်ပါတယ်။ ပြိုင်ဘက်ပရိသတ်တွေကြားမှာတော့ ဖာနန်ဒက်စ်ကို ဒိုင်ဗင်ပစ်တဲ့သူ၊ ဟန်ဆောင်လှဲချတတ်သူအဖြစ် လှောင်ပြောင်ဝေဖန်မှုတွေခံနေရသူပါ။ ဖာနန်ဒက်စ်ဟာ ပရီးမီးယားလိဂ်ပွဲစဉ် (၂) တုန်းက ပွဲကစားချိန် ၁၆ မိနစ်မှာ ပဲလေ့စ် ကွင်းလယ်လူ ဂျိမ်းစ်မက် ကာသီနဲ့ ဘောလုံးယှဉ်လုရာမှာ မက်ကာသီနဲ့ ထိမိသလိုဖြစ်ခဲ့ပေမယ့် တကယ်ရုပ်သံအနှေးပြကွက်မှာ ဖာနန်ဒက်စ် တမင်တကာဟန်ဆောင်လှဲချခဲ့တာမျိုးဖြစ်နေခဲ့တာပါ။ ပြီးခဲ့တဲ့ဘောလုံးရာသီကလည်း ချဲလ်ဆီးနဲ့ရင်ဆိုင်အတွေ့မှာ ကိုဗာဆစ်နဲ့ ထိခိုက်တာမျိုးမရှိဘဲ ဟန်ဆောင်လှဲချခဲ့ပါသေးတယ်။ ဆီဗီလာနဲ့ ယူရိုပါလိဂ်ပွဲစဉ်တုန်းကလည်း ဖာနန်ဒက်စ် ဟန်ဆောင်လှဲချခဲ့ပါသေးတယ်။ ဒီလိုအဖြစ်အပျက်တွေကြောင့် ဆိုရှယ်မီဒီယာအသုံးပြုသူတွေကြားမှာ ဖာနန်ဒက်စ်ကို ဟန်ဆောင်လှဲချတတ်တဲ့ ဒိုင်ဗင်ကစားသမားတစ်ယောက် ဖြစ်တယ်လို့ ဝေဖန်လှောင်ပြောင်ခံနေရတာပဲဖြစ်ပါတယ်။ ဖာနန်ဒက်စ်ဟာ မန်ယူမှာ ခြေစွမ်းကောင်းတွေ စွမ်းဆောင်ရည်ကောင်းတွေ ပြသနိုင်ခဲ့တယ်ဆိုပေမယ့် ပြိုင်ဘက်ပရိသတ်တွေကြား စွပ်စွဲခံနေရမှုတွေဟာ ကောင်းမွန်တဲ့လက္ခဏာမဟုတ်ပါဘူး။ ဖာနန်ဒက်စ်အနေနဲ့လည်း နောင်ပွဲစဉ်တွေမှာ ဒီလိုအဖြစ်အပျက်မျိုး တွေကို ပြိုင်ဘက်ပရိသတ်တွေ ဝေဖန်စရာမဖြစ်အောင် ဆင်ခြင်နိုင်ဖို့တော့လိုပါတယ်။  

(SO)






အခြားဆက်စပ်သတင်းများ