နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
COVID-19 ကာလအတွင်း ယာဉ်စီးခပိုတောင်းသည့်ယာဉ်လိုင်းများကိုအရေးယူမည်

ရန်ကုန် ဧပြီ ၂၆ COVID-19 ကာလအတွင်း ယာဉ်စီးခပိုတောင်းသည့်ယာဉ်လိုင်းများရှိနေပြီး ယာဉ်မောင်းကိုထုတ်ပယ်သည် အထိ အရေးယူမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင် အဖွဲ့မှ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောသည်။ “နံပါတ်နဲ့ချက်ချင်းတိုင်ရင် ချက်ချင်းအရေးယူမှုလုပ်တယ်။ အရေးယူဆောင်ရွက်တဲ့ အခါမှာလည်း ထိထိရောက်ရောက်အရေးယူတယ်။ မနေ့ကဆိုရင် ခရီးသည်တစ်ဦးကတိုင်တယ်။ ယာဉ်စီးခကို ၅၀ဝ အထိတောင်းတယ်ဆိုပြီးတော့။ ခရီးသည်ဘက်ကတိုင်ကြားလို့ရှိရင် ယာဉ်မောင်းကိုခေါ်တယ်။ သက်ဆိုင်ရာယာဉ်လိုင်းပိုင်ရှင်ကိုခေါ်တယ်။ ထင်ရှားတယ်ဆိုရင် ယာဉ်မောင်းကို အလုပ်ထုတ်လိုက် တယ်။ YBS ၆ ယာဉ်လိုင်းကအများဆုံးပဲ။ သူကပုဂ္ဂလိကပိုင်ယာဉ်တွေ အများဆုံးကျန်သေးတယ်။ ယာဉ်စီးခပိုတောင်းခဲ့လို့ရှိရင် ချက်ချင်းတိုင်ကြားနိုင်ပါတယ်”ဟု YRTA မှ အတွင်းရေးမှူး ဒေါက်တာမောင် အောင်က ပြောသည်။ လက်ရှိအချိန်ကာလတွင် စက်ရုံ၊ အလုပ်ရုံ၊ ကုမ္ပဏီအချို့ပိတ်ထားသည့်အပြင် စီးသည့်ခရီးသည်နည်းပါး မှုကြောင့်ယာဉ်လိုင်းအားလုံး မထွက်သော်လည်း အချို့ယာဉ်လိုင်းများမှာ ပုံမှန်ပြေးဆွဲနေသလို YBS ယာဉ်လိုင်းများထဲတွင် YBS ၆ ယာဉ်လိုင်းမှာခရီးသည်များထံမှ သတ်မှတ်ထားသည့်နှုန်းထားထက် ပိုမို ကောက်ခံမှုရှိနေကြောင်း တိုင်ကြားမှုများရှိသည်ဟု သိရသည်။ လက်ရှိရန်ကုန်မြို့တွင်း၌ YBS ခရီးသည်တင်ယာဉ်လိုင်းပြေးဆွဲမှုမှာ ယခင်ထက်လျော့နည်းသွားပြီး ယာဉ်အစီးရေ ၁၅၀ဝ ဝန်းကျင်ဖြင့်သာ ပြေးဆွဲပေးနေသလို ယာဉ်လိုင်းပိုင်ရှင်များ၏ဝင်ငွေမှာ ၉၀ ရာခိုင်နှုန်းအထိလျော့ကျနေကြောင်း သိရသည်။ အောင်မြင့်ဌေး(မြို့တော်သတင်း)






အခြားဆက်စပ်သတင်းများ