နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဂျူဗင်တပ်အသင်းကို အရှုံးမှကယ်တင်လိုက်တဲ့ ၃၅ နှစ်အရွယ် ရော်နယ်ဒို

စက်တင်ဘာ  ၂၉


စီးရီးအေ လက်ရှိချန်ပီယံ ဂျူဗင်တပ်အသင်းနဲ့ ရိုးမားအသင်းတို့ ယှဉ်ပြိုင်ကစားတဲ့ပွဲစဉ်မှာ ဂျူဗင်တို့က အဝေးကွင်းကိုလာရောက်ကစားရတာဖြစ်ပါတယ်။ ဒီပွဲမှာ ၂−၂ ရလဒ်နဲ့ပွဲပြီးဆုံးခဲ့ပါတယ်။ ရိုးမားဟာ ဦးဆောင် ဂိုးတွေသွင်းယူနိုင်ခဲ့ပေမယ့် ရော်နယ်ဒိုက ပြန်လည်ချေပဂိုးတွေသွင်းနေခဲ့တာကြောင့် ဂျူဗင်တို့ အဖိုးတန်သရေတစ်မှတ်ရယူနိုင်ခဲ့ပါတယ်။ ရော်နယ်ဒိုရဲ့ ဒုတိယချေပဂိုးသွင်းတဲ့ပုံစံက အတော်လေးကိုကောင်းမွန်ခဲ့ပါတယ်။ သူ့ရဲ့အမြင့်ခုန်နိုင်စွမ်းနဲ့ လေထဲမှာ စက္ကန့်အနည်းငယ်မျှ ရပ်တန့်နေနိုင်ခဲ့တဲ့ စွမ်းအားတွေ ပြသသွားခဲ့ပါတယ်။ အသက် ၃၅ နှစ်အရွယ် တိုက်စစ်မှူး ရော်နယ်ဒိုဟာညာတောင်ပံကနေ ဒါနီလိုရဲ့ဖြတ်တင်ဘောကို ခေါင်းတိုက် မသွင်းခင် ခုန်လိုက်တဲ့အချိန် လေထဲမှာ စက္ကန့်ပိုင်းလေးရပ်တန့်ပြီးမှ ခေါင်းတိုက်သွင်းယူတာပါ။ ခေါင်းတိုက် ဂိုးတွေသွင်းတာဟာ ရော်နယ်ဒိုအတွက် အမှတ်သညာလိုဖြစ်နေပါပြီ။ ဒီဂိုးကြောင့်ပဲ ဂျူဗင်တို့ တစ်ယောက်လျော့နဲ့  ရိုးမားကိုရှုံးရမဲ့အခြေအနေမှ သရေရအောင် သွင်းဂိုးတွေကယ်တင်နိုင်ခဲ့ပါတယ်။ ရော်နယ်ဒိုအတွက် ဒီသွင်းဂိုး ၂ ဂိုးဟာ ဥရောပထိပ်တန်းလိဂ်တွေမှာ သွင်းဂိုးပေါင်း ၄၅၀ အထိ ပြည့်မြောက်စေခဲ့ပါတယ်။ ဒီဂိုးအရေအတွက်ရရှိခဲ့တဲ့ ပထမဆုံးကစားသမားလည်းဖြစ်လာပါတယ်။ နည်းပြ ပီယာလိုအတွက်တော့ ရော်နယ်ဒိုဟာဘယ်လိုမှ အနားပေးလို့မရတဲ့ကစားသမားဖြစ်နေပါတယ်။ ရော်နယ်ဒိုရဲ့ အသက်အရွယ်ကြောင့် ပွဲတချို့အနားပေးသွားမယ်လို့ ပီယာလိုက ပြောခဲ့ပေမယ့် အရေးကြုံတိုင်း အသင်းကို ကယ်တင်ပေးနေတဲ့ ရော်နယ်ဒိုရဲ့ခြေစွမ်းကြောင့် သူ့ကို အသင်းစာရင်းကနေ ချန်လှပ်အနားပေးဖို့ တော်တော် စဉ်းစားရတော့မှာဖြစ်ပါတယ်။  


 (SO)






အခြားဆက်စပ်သတင်းများ