နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အဲဗာတန်တို့ ချဲလ်ဆီးကြယ်ပွင့် ဗဟိုနောက်ခံလူကို ခေါ်ယူဖို့ ချိတ်ဆက်

စက်တင်ဘာ  ၂၉


ပရီးမီးယားလိဂ်မှာ ရလဒ်ကောင်းတွေရနေတဲ့ အဲဗာတန်အသင်းဟာ သူတို့ရဲ့ နောက်ခံဗဟိုနေရာကို ဖြည့်တင်းသွားဖို့အတွက် ချဲလ်ဆီးအသင်းရဲ့ ကြယ်ပွင့်ကစားသမား ဗဟိုနောက်ခံလူ ကတ်ဇူးမားကို ပေါင် ၃၆ သန်း အောက် ဝန်းကျင်နဲ့ ခေါ်ယူနိုင်ဖို့ ဆွေးနွေးမှုစတင်ပြုလုပ်နပြီလို့ ပြင်သစ်သတင်းဌာန Le IO Sport က ဖော်ပြထားပါတယ်။ ဗဟိုနောက်ခံလူနေရာကို အင်အားဖြည့်တင်းသွားဖို့ စီစဉ်နေတဲ့ တော်ဖီတို့ဟာ ကနဦးအစမှာ ချဲလ်ဆီးအသင်းရဲ့ လူငယ်နောက်ခံလူ တိုမိုရီကို ပစ်မှတ်ထားခဲ့ပေမယ့် ချဲလ်ဆီးနည်းပြ ဖရန့်လမ်းပတ်က တိုမိုရီကို အသင်းမှာပဲဆက်ထားဖို့ ဆုံးဖြတ်ခဲ့တာကြေင့် အဲဗာတန်တို့ ဇူးမားဘက်ကို ခြေဦးလှည့်ခဲ့တာပဲဖြစ်ပါတယ်။ ပြင်သစ်သားဟာ ၂၀၁၈− ၁၉ ရာသီမှာ အဲဗာတန်အသင်းမှာ အငှားထွက်ကစား ခဲ့ဖူးပြီး ခြေစွမ်းပြကစားနိုင်ခဲ့တာကြောင့် လက်ရှိနွေစျေးကွက်မှာ ပစ်မှတ်ကစားသမားစာရင်းထဲပါဝင်နေတာပါ။ အဲဗာတန်တို့ ဂွတ်ဒီဆင့်ပါခ်ဆီ အရခေါ်ယူနိုင်ဖို့ ကြိုးစားသွားမှာပါ။ နှစ်သင်းကြားဆွေးနွေးမှုတွေ စတင်နေပါပြီ။ ချဲလ်ဆီးအနေနဲ့ ဇူးမားကို ပေါင် ၃၆ သန်းရရှိမှသာ လက်လွှတ်သွားမယ်လို့ တုံ့ပြန်ထားတာကြောင့် အဲဗာတန်တို့ အတွက် ခက်ခဲဖွယ်ရှိနေပေမယ့် ညှိနှိုင်းမှုတွေဆက်လက်လုပ်သွားမှာဖြစ်ပါတယ်။                                   


 (SO)






အခြားဆက်စပ်သတင်းများ